Wednesday, July 15, 2020

ဘန်ဘူထောင်နယ်မြေရှိ နိုင်ငံခြားအလုပ်သမားများကိုစစ်ဆေး

 

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီရေးနှင့် တရားမဝင်အလုပ်သမားပပျောက်ရေးစီးမံချက်များအရ နွန်ထဘူရီခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန၊ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်အလုပ်သမားဦးဌာန၊မြို့နယ်အုပ်ချုပ်အဖွဲ့၊ကျန်းမာရေးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည်ယမန်နေ့က ဘန်ဘူထောင်နယ်မြေ ဝီခစ်ကျေးရွာရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

နိုင်ငံခြားသားများအလုပ်သမားများကို ရေခဲမုန့်လှည့်လည်ရောင်းချအားခွင့်မပြု

 

ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ဘေးတွဲဆိုင်ကယ်များ လက်တွန်းလှည်းများနှင့် ရေခဲမုန့်ရောင်းချခြင်းကို ခွင့်မပြုကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် 
Mr. Suchat Phonchaiwisetkunက ပြောသည်။

ထိုသို့ ရေခဲမုန့်လှည့်လည်ရောင်းချကြသည့် ဒေသများမှာ စမွတ်ဆာခွန်၊ပထုန်ဌာနီ၊ စမွတ်ပုရာကန်၊ဖူးခက်၊ဆူရတ်ဌာနီ။စုန်ခလာ၊ချင်းမိုင်၊စသည့်ဒေသများအပါဝင်ဘန်ကောက်မြို့တွင် ဝှေ့ခွမ်နှင်စူခူဝီမြို့နယ်တို့၌ အများဆုံးတွေ့ရကြောင်း  ယခုလို လုပ်ကိုင်နေသည်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ပြဌာန်းထား
သည် နိုင်ငံခြားသားအလုပ်သမားများလုပ်ကိုင်ရန် တားမြစ်ထားသည့် အလုပ်ကိုင်ဖြင့်သဖြင့် ယင်းတို့အနေဖြင့် ဥပဒေပြဌာန်းချက်များကို လေးစားလိုက်နာသင့်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

Tuesday, July 14, 2020

အထောက်ထာမဲ့ မြန်မာအလုပ်သမားများဖမ်းဆီးရမိ

 

ယနေ့(၁၄.၇.၂၀၂၀) နေ့လယ် ၁၁နာရီအချိန်ခန့်တွင် ကန်ချနဘူရီခရိုင် စံခဘူရီမြို့ ဖရာ့ဖါမြို့နယ် လိလီယမ်ဘုရားကျောင်းတွင်း ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသားအလုပ်သမား ၁၂ဦး(ကျား ၁၀၊မ၂)ဦးတို့ကို ဖမ်းဆီးရမိကြောင်းသိရသည်။

ခွန်ခန်ရပ်ကွက်တွင်း တရားမဝင်အလုပ်သမားကို ဝင်ရောက်စစ်ဆေး



ယနေ့ (၁၄.၇.၂၀၂၀) နံနက် ၇နာရီအချိန်က ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မဟာချိုင်မြို့ ခွန်ခန်ရပ်ကွက်ရှိ မြန်မာအလုပ်သမားများကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနအပါဝင်ဌာနဆိုင်ရာများက ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။