Wednesday, July 15, 2020

နိုင်ငံခြားသားများအလုပ်သမားများကို ရေခဲမုန့်လှည့်လည်ရောင်းချအားခွင့်မပြု

 

ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ဘေးတွဲဆိုင်ကယ်များ လက်တွန်းလှည်းများနှင့် ရေခဲမုန့်ရောင်းချခြင်းကို ခွင့်မပြုကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် 
Mr. Suchat Phonchaiwisetkunက ပြောသည်။

ထိုသို့ ရေခဲမုန့်လှည့်လည်ရောင်းချကြသည့် ဒေသများမှာ စမွတ်ဆာခွန်၊ပထုန်ဌာနီ၊ စမွတ်ပုရာကန်၊ဖူးခက်၊ဆူရတ်ဌာနီ။စုန်ခလာ၊ချင်းမိုင်၊စသည့်ဒေသများအပါဝင်ဘန်ကောက်မြို့တွင် ဝှေ့ခွမ်နှင်စူခူဝီမြို့နယ်တို့၌ အများဆုံးတွေ့ရကြောင်း  ယခုလို လုပ်ကိုင်နေသည်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ပြဌာန်းထား
သည် နိုင်ငံခြားသားအလုပ်သမားများလုပ်ကိုင်ရန် တားမြစ်ထားသည့် အလုပ်ကိုင်ဖြင့်သဖြင့် ယင်းတို့အနေဖြင့် ဥပဒေပြဌာန်းချက်များကို လေးစားလိုက်နာသင့်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။


ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယား၊လာအို၊မြန်မာနှင့်ဗီယက်နမ်နိုင်ငံတို့နှင့် MOUစနစ်ဖြင့်အလုပ်သမားငှားရမ်းခြင်းများကို အလေးထားဆောင်ရွက်နေပါကြောင်းနှင့်အကယ်၍ နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် တားမြစ်အလုပ်များလုပ်ကိုင်ဆောင်ရွက်နေပါက ထိုင်းအလုပ်သမားဝန်ကြီးဌာနဖုန်းနံပါတ် 1506 လိုင်ခွဲ ၂ သို့ဆက်သွယ်သတင်းပေးနိုင်ကြောင်းသိရသည်။