Saturday, October 16, 2021

အဝင်အထွက်ခက်ခဲနေသည့် မြန်မာအလုပ်သမားများ

မြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ်ရှိ တာ့(ခ်)ခရိုင် မဲ့လမာ့နယ်မြေ ဖလပ်ထားရပ်ကွက်အုပ်စု ( ၁ )တွင် ယမန်နေ့တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့်မြန်မာနိုင်ငံသား ၄ ဦး (ကျား၂ ၊ မ ၂)နှင့် ဦးဆောင်ခေါ်လာသည့် ထိုင်းနိုင်ငံသား၁ဦးတို့ကို အာဏာပိုင်များကဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသူများကို မဲ့လမာ့ရဲစခန်းသို့ခေါ်ဆောင်ပြီး ဥပဒေအတိုင်းအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Monday, October 11, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသားများထပ်မံအဖမ်းခံရ



ထိုင်းအစိုးရက အထောက်ထားမဲ့အလုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့်ပြုလုပ်ပေးမယ်လို့ သတင်းထုတ်ပြန်ပြီးသည့်နောက် နှစ်နိုင်ငံနယ်စပ်မှာတရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားများနေ့စဉ်နီးပါးအဖမ်းခံနေရပါတယ်။