ထိုင်းအစိုးရက အထောက်ထားမဲ့အလုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့်ပြုလုပ်ပေးမယ်လို့ သတင်းထုတ်ပြန်ပြီးသည့်နောက် နှစ်နိုင်ငံနယ်စပ်မှာတရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားများနေ့စဉ်နီးပါးအဖမ်းခံနေရပါတယ်။
ယမန်နေ့ နံနက် ၃နာရီအချိန်ခန့်မှာ ကန်ချနဘူရီခရိုင် ၊ စံခလဘူရီမြို့နယ် ၊နောင်လုရပ်ကွက်တွင် မြန်မာနိုင်ငံသား ၈ ဦး ( ကျား ၅ ၊ မ ၃ )တို့ကိုဖမ်းဆီးခံရကြောင်း ဘန်ကောက်ပိုစ့်သတင်းဌာနက ဖော်ပြသည်။
အဖမ်းခံရသူများသည် ဘုရားသုံးဆူဘက်မှ ဝင်ရောက်လာကြပြီးစမွတ်ဆာခွန်ခရိုင်တွင် သွားရောက်အလုပ်လုပ်ကိုင်ဖို့ တဦးလျင်ဘတ်ငွေ ၂၅၀၀၀ မှ ၂၈၀၀၀ အထိပေးရကြောင်းသိရသည်။