ယမန်နေ့ နံနက် ၄နာရီအချိန်ခန့်တွင် ခြုံဖော်ခရိုင် စဝီမြို့နယ်သို့ ဦးတည်ထွက်ခွာလာသည့် ကားတစီးကို ရနောင်းခရိုင် လအူ(န်)မြို့နယ် စကဲဝိုရပ်ကွက် အုပ်စု (၃)ရှိ စစ်ဆေးရေးဂိတ်တွင် ရပ်တန်စစ်ဆေးရာ အသက် (၄၃ )နှစ်အရွယ်နှင့် အသက် (၂၀)အရွယ်ရှိ ထိုင်းနိုင်ငံသား ယာဉ်မောင်းသမားများနှင့် ကားနောက်ဘက်အတွင်း လိုက်ပါလာသည့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၃ ဦး (ကျား ၃၆ ၊ မ ၇ )တို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံသား ယာဉ်မောင်းသမား၏ ထွက်ဆိုချက်အရ ရနောင်းမှ ခြုံဖော်သို့ ဘတ် ၈၀၀၀ ဖြင့် ကားငှားသဖြင့် လိုက်ပို့ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူများတွင် အသက် ၁၅ နှစ်အရွယ် ကလေး ၂ ဦးမှ အပ ကျန် ၄၁ ဦးတို့ကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
#News Source_ Ranong FM 107.25 MHz