Friday, October 08, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၂ ဦး ထပ်မံအဖမ်းခံရ



အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၇ နာရီ မှ မွန်းလွဲ ၂ နာရီအထိ ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်ခရိုင် နှင့် ကန်ချနဘူရီခရိုင်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၂ ဦး ( ကျား ၂၄ ၊ မ ၈ )  တို့နှင့်အတူ ခေါ်ဆောင်လာသူ ၂ ဦး ကား ၂ စီးတို့နဲ့ အတူ နေရာအသီးသီးတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသည့် အခြေနေများပက်သတ်ပြီး သတင်းထုတ်ပြန်ချက်များအရ နံနက် ၉နာရီ အချိန်ခန့်တွင်ပကျွတ်ခီလီခမ်ခရိုင် ၊ မီ(ငင်)နယ်မြေ ၊ ကော့လပ်ရပ်ကွက် ၊ မခမ်ဖရိုတွင် မြန်မာနိုင်ငံသား ၇ ဦး (ကျား 

၁ ၊ မ ၆)၊ နံနက် ၁၁ နာရီအချိန်ခန့်တွင်  ကန်ချနဘူရီခရိုင် မီ(ငင်)နယ်မြေ ဘန်ကောင်ရပ်ကွက် ဖုနံမ်လွန်တွင်၁၄ ဦး (ကျား ၁၄ ) နှင့် မွန်းလွဲ ၁၄ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်  ကန်ချနဘူရီခရိုင် စိုင်ရို့မြို့နယ် ဘောဓိရပ်ကွက် ၁၁ ဦး (ကျား ၉၊ မ ၂ ) တို့ကို ခေါ်ဆောင်သူ ၂ ဦး  ကား ၂ စီးနှင့် ဆေးလိပ်အတောင့် ( ၁၀၄၇)နဲ့အတူဖမ်းဆီးရမိကြောင်းသိရသည်။

တာဝန်ရှိသူများ၏ မေးမြန်းချက်များအရ ၎င်းတို့သည် ထားဝယ်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေ သကြီးတို့မှလာကြသူများဖြစ်ကြပြီး ဘန်ကောက်၊ စမွတ်စခွန်ခရိုင်နှင့် ပကျွတ်ခီလီခမ်ခရိုင်များတွင်သွားရောက်အလုပ်မည်ဖြစ်သည်။