Monday, October 07, 2024

ဂိုဏ်းတော်ချုပ် အဘဆရာဟန်၏ အတ္ထုပတ္တိ


ဓနုဖြူမြို့၊ ကျိုက်ကလွန်ဒွန် ဘုရားကြီးနှင့် မလှမ်းမကမ်းတွင်ရှိသော နန်းတော်ကုန်းရွာတွင် အဘဦးသာဒွန်းဖြူနှင့် အမိဒေါ်ဝိုင်တို့မှ သက္ကရာဇ် (၁၂၅၅)ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၃) ရက်၊ သောကြာနေ့တွင် အဘဆရာ
ဟန်ကို ဖွားမြင်သန့်စင်ခဲ့ပေသည်။

အဘဆရာဟန်၏ အောက်တွင် ဦးဘိုးစံ (ခေါ်)ညီတစ်ဦးသာရှိလေသည်။

ကုန်သည်လယ်လုပ်မိဘမျိုးရိုးမှ ဆင်းသက်လာခဲ့သော အဘဆရာဟန်သည် ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ပညာမရရှိခင်က ကြောင်တံဆိပ်ဒေါ်မယ်ရင် အမည်ဖြင့် ဆေးပြင်းလိပ်ခုံလုပ်ငန်းကို လုပ်ကိုင်ခဲ့ရပေသည်။

Sunday, October 06, 2024

ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး

 

မူလဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်၏ အမည်နာမရှေ့တွင် အဖဘိုးတော်ဟန် ဂိုဏ်းတော်ချုပ် ဖြစ်လာသည့်အခါ၌ ယခင်က အဖဘိုးတော်ဟန်သည် (၁)ဆင့်ပညာဖြင့်ပင် အလွန်အစွမ်းထက်သော ကဝမကြီး ဒေါ်သဲညိုကို အနိုင်ရရှိခဲ့သည်ကို အစွဲပြု၍ ရွှေယင်ကျော်ဟူသော သေသအမည်ကို ထည့်သွင်း ခဲ့ရာမှ ရွှေရင်ကျော် ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ဟူ၍ မည်တွင်ပါသည်။ မူလက ရွှေယင်ကျော်ဟု (ယင်)ကို (ယ)ဖြင့် ခေါ်တွင်သော်လည်း ကုထုံးကျမ်း ရိုက်နှိပ်ရာတွင် (ရင်)ဟု ရိုက်မိသည်ကို ဘိုးတော်ဟန်မှ ဤအတိုင်း ထားပြီး ခေါ်တွင်မည်ဟု မိန့်ရာမှ ရွှေရင်ကျော်ဟု အမည်တွင်ခဲ့ရပေသည်။