LATEST NEWS — နောက်ဆုံးရသတင်းများ
မြဝတီ၊ ဇွန် ၂၈-ဇူလိုင်လမှစတင်၍ ထိုင်းနိုင်ငံအတွင်း အထောက်အထား မဲ့ အလုပ်သမားများ စတင်ဖမ်းဆီး တော့မည်ဆိုသောကြောင့် ထိုင်း နိုင်ငံအတွင်းသွားရောက် အလုပ် လုပ်ကိုင်နေကြသော အထောက် အထားမဲ့ မြန်မာအလုပ် သမား များသည် မြန်မာ-ထိုင်းနယ်စပ်ချစ် ကြည်ရေးတံတားမှ ကရင်ပြည်နယ်မြဝတီမြို့ အမှတ် (၄)ရပ်ကွက် ကျောက်လုံးကြီးလမ်းရှိ ပြန်လည် ကြိုဆိုရေးစခန်းသို့ ပြန်လည် ဝင်ရောက်လာလျက်ရှိရာ ဇွန် ၂၇ ရက်တစ်ရက်တည်းတွင် အလုပ်သမား ၄၁၅ ဦး ပြန်လည် ဝင်ရောက်လာ ခဲ့ကြောင်း သိရသည်။
"""ကျွန်တော် မဟာချိုင်မြို့နယ် ကလပ်ပူလီမြို့အနီးမှာ ကြံခုတ်ပါ တယ်။ တစ်နေ့လုပ်အားခ ဘတ် ငွေ ၃၅၀ ရတယ်။ လာတုန်းက တော့ ပွဲစားနဲ့လာတာ မြန်မာငွေ ကျပ် ၈ဝဝဝဝဝ သိန်း ပေးရပြီး မြဝတီ ဘက်က တရားမဝင်လာခဲ့တာ။ အထောက်အထားဆိုလို့ ဘာမှမ ရှိဘူး။ ဒီလကုန်ရင် ထိုင်းအစိုးရ က မြန်မာအပါအဝင်အထောက် အထားမဲ့ အလုပ်သမားတွေကို အကုန်ဖမ်းတော့မယ်လို့ တရားဝင် ကြေညာပြီးဖြစ်တာကြောင့် ခုလိုပြန် လာခဲ့တာပါ။ ပြန်လာဖို့ မြန်မာ အလုပ်သမားတွေ အများကြီးကျန်နေ သေးတယ်။ မြန်မြန်ပြန်ကြဖို့ ပြော ချင်တယ်""ဟု ဘုရားသုံးဆူသို့ ပြန် မည့် ကိုသူရအောင်က ပြောသည်။ယခုပြန်လည်ဝင်ရောက်လာ သော အလုပ်သမားများအား မြဝတီ မြို့ ကြိုဆိုရေးစခန်းမှ တာဝန်ရှိသူ များက ကြိုဆို၍လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသည်။
မောင်စိန်ဝင်း
ဘန်ကောက် ဇွန် ၂၇
===============
ထိုင်းနိုင်ငံအစိုးရမှ တရားမဝင်အလုပ် သမားပပျောက်စေရေးအတွက် စီမံချက် ဖြင့် စစ်ဆေးအရေးယူမှုများ
ပြုလုပ်လာ သည်နှင့်အမျှ အထောက်အထားမရှိကြ သည့် မြန်မာအလုပ်သမားများမှာ မိမိတို့ နှင့်နီးစပ်ရာ
နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ် ဆင့် အမိနေရပ်သို့ပြန်လျက်ရှိကြသည်။
ထိုသို့ အမိနေရပ်ပြန်ကြရာ တွင် တနင်္သာရီတိုင်းဒေသကြီး အတွင်းနေထိုင်ကြသော မြန်မာ အလုပ်သမားများအနေဖြင့် ¤င်းတို့ နေထိုင်ရာဒေသသို့ ပြန်လည်ဝင် ရောက်ကြရန်အတွက် ပြန်လည် ကြိုဆိုရေးစခန်းများပိတ်ထားသော ကြောင့် အခက်အခဲများကြုံတွေ့ နေကြရကြောင်း အလုပ်သမား အရေးဆောင်ရွက်နေ
ကြသူများထံ မှ သိရသည်။
''ကျွန်တော်တို့ကြားတာက တော့ ပြန်လည်ကြိုဆိုရေးစခန်း တွေကို အခုရက်ပိုင်းမှာပဲ ပိတ် ထားတော့ ပြန်မယ့်အလုပ်သမား တွေမှာ အခက်အခဲကြုံတွေ့နေကြ ရပါတယ်။ ထိုင်းတောင်ပိုင်းမှာ ရောက်ရှိနေကြတဲ့
မြန်မာအလုပ် သမားတွေဟာ နေရပ်ပြန်ကြတဲ့ အခါမှာ ထိုင်းနယ်စပ် ရနောင်းမြို့ နဲ့ ကော့သောင်းလမ်းကို အားထား ပြီး ပြန်နေကြရတာပါ။ ပြီးတော့ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဆိုင်းငံ့ကာလမပြည့်မီ ပြည်တော်
ပြန်တဲ့ အလုပ်သမားတွေထံကနေ ဘတ်ငွေ ၅ဝဝဝ တောင်းခံနေတဲ့ ကိစ္စကလည်း မဖြစ်သင့်တဲ့ကိစ္စပါ။ နောက်ပြီး အခုလိုအဖမ်းအဆီးကာ လ မစခင်မှာ မြန်မာနဲ့ထိုင်းနယ်စပ် ဂိတ်တွေမှာ ပြန်လည်ကြိုဆိုရေး စခန်းတွေတိုးချဲ့ဖွင့်လှစ်သင့်ပါလျက် နဲ့ ရှိပြီးသားကြိုဆိုရေးစခန်းကိုပါ ပိတ်လိုက်တာတော့ အလုပ်သမား တွေမှာ အခက်ခဲတွေကြုံတွေ့နေ ရပါတယ်'' ဟု ဘန်ကောက်ရှိ မြန်မာအလုပ်သမားအရေးဆောင် ရွက်သူ ကိုစောမောင်က ပြော သည်။
လာမည့် ဇွန် ၃၀ ရက် မှ စတင်၍ ထိုင်းနိုင်ငံအစိုးရမှ နိုင်ငံတဝှမ်းတရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ၊ လာအိုနှင့်ကမ္ဗောဒီယားနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအပါဝင် ထိုင်းနိုင်ငံသို့ရောက်ရှိနေကြသည့်ပြည်ပနိုင်ငံအသီးသီးမှ နိုင်ငံခြားသားအလုပ်သမားများအားစီမံချက်ဖြင့် ဖမ်းဆီးအရေးယူမှုများစတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအစိုးရမှ ဇွန် ၂၄ ရက်လဆန်းပိုင်းက သတင်းတစ်ရပ်ထုတ်ပြန်ခဲ့ရာယခုရက်ပိုင်းအတွင်းနေရပ်ပြန်မြန်မာအလုပ်သမားဦးရေမှာနေ့စဉ် ၃၀၀နီးပါးခန့်ရှိနေကြောင်းမဲဆောက်မြို့ရှိ အလုပ်သမားသံအရာရှိဦးအောင်မင်းက ပြောသည်။