Saturday, February 28, 2015

အလုပ်သမားကာကွယ်ရေးဥပဒေအကျဉ်းချုပ် (BE- 2541)

 


(ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ ဗဟုသုတရစေရန် ပြန်လည်ဖော်ပြပါသည်)

၁။သာမတန်အလုပ်ချိန်
သာမာန်အလုပ်များအတွက် အလုပ်ချိန်တစ်နေ့လျှင် (၈)နာရီထက်မပိုရ။အလုပ်ရှင်နှင့် အလုပ်သမားကြား သဘောတူနားလည်းမှုယူပြီး(၈)နာရီထက်ပိုနိုင်သော်လည်း တစ်ပါတ်လျှင် အလုပ်ချိန် စုစုပေါင်း(၄၈)နာရီ ထက်မပိုစေရ။


၂။ရုံးပိတ်ရက်ခံစားခွင့်များ

၂.၁။ တစ်ပါတ်လျှင် (၁)ရက်ထက်မနည်းရရှိရမည်။

၂.၂။ အလုပ်သမားနေ့အပါအဝင် နေ့ကြီးရက်ကြီးရုံးပိတ်ရက် တစ်နှစ်လျှင် အနည်းဆုံး(၁၃)ရက်ရရှိရမည်။

၂.၃။အလုပ်(၁)နှစ်ဆက်တိုက်လုပ်သော အလုပ်သမားတိုင်းအတွက် တစ်နှစ်လျင် အနည်းဆုံးခွင့်ရက်  

  (၆)ရက် ရရှိရမည်။

Monday, February 23, 2015

သတင်းဆိုတာ ဘာလဲ


သတင်းစာဆရာရဲ့ အလုပ်က “သတင်းယူဖို့” ပါပဲ။ ဒါပေမဲ့ နိစ္စဓူဝ အဖြစ်အပျက်တွေက အများကြီး။ အဲ့ဒါအားလုံးကို သတင်းအဖြစ်နဲ့ ရေးသားတင်ပြဖို့ မလိုအပ်ဘူး။ ဒီတော့ သတင်းဆိုတာဘာလဲ။ စာဖတ်ပရိသတ်က ဘယ်လို သတင်းအချက်အလက်မျိုးကိုမှ လိုချင်တာလဲ။

ဒါဟာ သတင်းစာဆရာတစ်ယောက် နေ့စဉ် စဉ်းစားဆုံးဖြတ်ရတဲ့ ကိစ္စပါပဲ။ သတင်းတစ်ပုဒ် စမလိုက်ခင်မှ “ဒါလူတွေ ပြောမယ့် အကြောင်းအရာလား”၊ “ဒါဟာ သူတို့သိချင်တဲ့ကိစ္စလား” ဆိုတာ ကိုယ့်ကိုယ်ကို အမြဲတမ်းမေးကြည့်ကြရတယ်။

သတင်းဆိုတာ လူအများစုကြီးအတွက် အရေးကြီးတဲ့ သူတို့စိတ်ဝင်စားတဲ့ အကြောင်းချင်းရာဖြစ်ပါတယ်။ ဒါဟာ နိစ္စဓူဝ ဖြစ်ပျက်နေတာမျိုးနဲ့ ကွာပါတယ်။

Sunday, February 22, 2015

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးအတွက် အစိုးရနှင့် လွှတ်တော်တို့ ပျက်ကွက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲပြဿနာ

 "အလုပ်သမားတွေကို ကယ်မယ့်သူ မရှိတော့ဘူးလား။ အလုပ်သမားတွေ သုံးသောင်း တိုးတောင်းတာကို များတယ်ဆိုရင် သူတို့လွှတ်တော်က လူကြီးတွေ တစ်လ ၁၀ သိန်းတိုးတောင်းတာကျတော့ ဘာဖြစ်လို့ အသံမထွက်တာလဲ။ ကျွန်မတို့ သုံးသောင်းတောင်းတာကို အစိုးရဘက်ကနေပြီးတော့ အလုပ်ရှင်ဘက်က လိုက်ပြီး ရိုက်တယ်ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူလူထု ဘယ်သူ့ကိုသွားပြီး အကူအညီတောင်းရမလဲ . . ."

အခြေခံအလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးအတွက် အစိုးရနှင့်လွှတ်တော်ပိုင်းက ပျက်ကွက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာ သည့် နောက် ဆက်တွဲ ပြဿနာမှာ အလုပ်သမားထု၏ ဆန္ဒထုတ်ဖော်မှု အရှိန်မြင့်လာခဲ့ခြင်းဖြစ် သည်။

လက်ရှိအချိန်၌ လုပ်ခလစာ တိုးမြှင့်ရေးအတွက် အလုပ်သမားထု၏ ဆန္ဒ ထုတ်ဖော်မှုများမှာ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် ဖြစ်ပေါ်ခဲ့ပြီး အလုပ်သမားထု၏ မကျေနပ်မှုများကို ပြေလည်အောင် ဖြေရှင်းနိုင်ရန် ပျက်ကွက်မှုများ ရှိလာခဲ့သည်။

ယခုလဆန်းပိုင်းတွင်မူ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်၌ E-Land Myanmar အထည်ချုပ် စက်ရုံ၊ Ford Glory အထည်ချုပ်စက်ရုံ၊ COSTEC International အထည်ချုပ်စက်ရုံများမှ အလုပ်သမား များ၏ ဆန္ဒထုတ်ဖော်မှုမှာ ပိုမိုအားကောင်း လာခဲ့သည်။