ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် ခလွန်လုံဝါမြို့နယ် ခလွန်စမ်လမ်းအတွင်းရှိ လူနေတန်းလျာတစ်ခု၌ မူးယစ်ဆေးဝါးသုံးနေသည့် မြန်မာအလုပ်သမား(၃)ဦးကို လက်နက်များနဲ့အတူ ယမန်နေ့(၁၇.၅.၂၀၁၉)၌ ဖမ်းဆီးရမိကြောင်းထိုင်းရုပ်သံသတင်းဌာနဖြစ်သည့် နံပါတ်(၈)၏ဖော်ပြချက်ရသိရသည်။
ဖြစ်စဉ်မှာ မြန်မာအလုပ်သမားများသည် အုပ်စုဖွဲ့မူးယစ်ဆေးဝါးသုံးစွဲပြီး ဆူညံနေသဖြင့် အနီးပတ်ဝန်း
ကျင်၌ နေသူများက မဆူညံရန်သွားရောက်ပြောဆိုရာတွင် သေနတ်ဖြစ်ပြန်လည်ခြိမ်းခြောက်သဖြင့်
သက်ဆိုင်ရာသို့ ဆက်သွယ်အကူညီတောင်းခံခဲ့ကြောင်းသိရသည်။






