Saturday, October 19, 2013

၂၀၇၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ဆိုတာ ရှိတော့မည်မဟုတ်ကြောင်း မိုးလေ၀သပညာရှင်ဆို



၂၁ ရာစုနှစ်အတွင်း ကမ္ဘာ့အပူချိန်တိုးနှုန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ မြို့ကြီးများ လုံးဝပျောက် ကွယ်သွားနိုင်သည့်အခြေအနေရှိနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြား သည်။

၂၁ ရာစုကုန်ပိုင်းတွင် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရှေ့တောင်အာရှနိုင်ငံများအားလုံး အပူချိန် ၄ ဒီဂရီ သာ တိုးမည်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်မူ ၁ ဒီဂရီပိုမိုပြီး ၅ ဒီဂရီ အထိတိုးလာနိုင် ကြောင်း၎င်းက ရှင်းပြသည်။

အပူချိန်တိုးမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန် လိုအပ်သည့် ပြင်ဆင်မှု များ ၊ လေ့လာမှုများ မလုပ်နိုင်ပါကမြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများ ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။

၂၀၇၀ ပြည့်နှစ်၌ ရန်ကုန်မြို့ဆိုသည်မှာ ရှိတော့မည်မဟုတ်ကြောင်း ၂၀၈၀ တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တို့ ၏ သုံးပုံနှစ်ပုံမှာ ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


Wednesday, October 16, 2013

နည်းပညာအသစ်တွေကတော့
Bravia internet video
သူကတော့ internet Broadcasting system ပါ

Presence sensor
သူကတော့ TV ရှေ့ကနေ ထသွားရင် TV stanby ဖြစ်သွားပြီတော့ ပြန်ထိုင်လိုက်ရင် ပြန်လာတဲ့function ပါ။

edge Led
သူကတော့ TV ဘောင်ကနေ white Led နဲ့ အလင်းထိုးပေးတာပါ။

dlna
သူကတော့ sony တစ်ခြားဟာတွေနဲ့ wireless ချိတ်တာပါ။
ဥပမာ VAIO laptop and TV