Saturday, May 16, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁၁)


  လွယ်လွယ်နှင့်အဖိုးတန်သောနည်း

၃၀။ ကျေးဇူးတင်လွှာ

အထက်ပါ ဆောင်းပါးမှာ ၁၉၇၆ ခု၊ စက်တင်ဘာလထုတ် သင့်ဘ၀ မဂ္ဂဇင်း အတွဲ ၂၄၊ အမှတ်၊ ၂ မှာ ဖြစ် ပါသည်။ “ အာရောဂျံ၊ ပရမံ၊ လာဘံ”(ကျန်းမာခြင်းသည် မွန်မြတ်သော လာဘ်ကြီးတစ်ပါးဖြစ်၏ ) ဟူသည့် အတိုင်း လူတိုင်းလူတိုင်း၏ ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်သည့် ဤစာတန်းငယ်ကို အခမဲ့ ကုသိုလ်ဖြစ် ရိုက်နှိပ်ကမ်းလှမ်းခြင်း ဖြစ်ပါသည်။

ဤစာတမ်းပါ နည်းလမ်းကို ကျွန်တော်နှင့် ကျွန်တော့်မိတ်တွေ သင်္ဂဟများပါ ဆောင်းပါး မထွက်ပေါ်မီကပင် စမ်းသပ် လေ့ကျင့်ခဲ့ရာ အမှန်အကျိုးရှိကြောင်း တွေ့ရှိရပါသဖြင့် ယုံယုံကြည်ကြည်ဖြင့် လေ့ကျင့်ကြပါရန် တိုက်တွန်းအပ်ပါသည်။

သင့်ဘ၀ မဂ္ဂဇင်းတိုက်ရှင်များနှင့် ဆောင်းပါးရှင် မကွေး ဝင်းမြင့် အားလည်းကောင်း၊ ဤကုသိုလ်ဖြင့် စာ တန်းဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးသူ ဓမ္မဃောသက ဦးမောင်မောင်အား လည်းကောင်း ၊ ကျေးဇူး တင်ရှိပါကြောင်း။

ယောမင်းကြီး၏ စီးပွားရေးအတွေးအခေါ် နှင့် ဘောဂဗေဒလက်ရွေးစင်


ဗြိတိသျှသာ မြန်မာနိုင်ငံကို မသိမ်းခဲ့လျှင် .........

အချို့က မြန်မာနိုင်ငံသည် နိုင်ငံရေးအရ သမ္မတနိုင်ငံသို့ မုချ ပြောင်းလဲခဲ့ရမည်ဟူ၍ လည်ကောင်း၊ စီးပွားရေးအရ အရင်းရှင်စနစ်ထွန်းကား နေခဲ့၍ စက်မှုနိုင်ငံ အဖြစ်သို့ ပြောင်းလဲနေခဲ့ရမည်ဟူ၍ လည်းကောင်း ထင်မြင်ခဲ့ကြသည်။

ဆရာမောင်စူးစမ်းသည် အရင်းရှင်စနစ်ထွန်းကား လာနိုင်သည်ကို လက်ခံသော်လည်း ထိုအရင်းရှင်စနစ်သည် ဥရောပအရင်းရှင် စနစ်နှင့် မတူနိုင်ဟု ယူဆ၏။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အရင်းရှင်စနစ် ဖွံ့ဖြိုးထွန်းကားနေလျက် သက်ဦးဆံပိုင် ဧကရာဇ်စနစ်သည်ပင် ထွန်းကားနေခဲ့ရပေမည်ဟု ယူဆသောကြောင့်ဖြစ်သည်။

Wednesday, May 13, 2015

စကားကို ပေါ့ပေါ့ဆဆမပြောဆိုသင့်ပါ..


အထက်က ကျနောပို့ပေးသော သတင်းစာပါအချက်မှာ လွဲမှားနေသည်ဟုသိရပါတယ်ထိုင်းနိုင်ငံ အတွင်း
 ရောက်ရှိနေကြသော တရားမ၀င်အလုပ်သမားများအား လုံးကို ပန်းရောင်ဘတ် လုပ်ပေးခြင်းမပြုပါ။
               
(၁)  မတ်လ/၂၀၁၅ ဘတ်သက်တမ်းကုန်မည့်သူတွေကို  ဘတ်သက်တမ်းပြန် ဆက်ပေးနေပါတယ်။
(ဘတ်သက်တမ်-၁၀နှစ်     ဗီဇာ-၁ နှစ်ရပါတယ်။
              

Tuesday, May 12, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁၀)



၂၇။ လူထုအော်သံ

(၂၂-၂-၇၇) နေ့ထုတ် ကြေးမုံ သတင်းစာတွင် လူထုအော်သံ အခန်းမှ “ အောင်သပြေ ဦးအေး၊ တာမွေ” ဆိုသော ပုဂ္ဂိုလ်တစ်ဦးက အုန်းမှုတ်ခွက် နင်းခြင်းများ၏ အကျိုးကျေးဇူးများကို အများသူငါတို့ သိကြစေခြင်း ငှာ အုန်းမှုတ်ခွက်နင်းခြင်းများ၏ အကျိုးကျေးဇူးကို မခြွင်းမချန် စေတနာ အမှန်ထား၍ ရင်ဖွင့် ရေးသားထား သည်ကို တွေ့ရပါသည်။ ၎င်းတင်ပြသည့် မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

အယ်ဒီတာခင်ဗျား။

ခေါင်းကိုက်၊ခါင်းမူး၊ နောက်ကျောတက်၊ ခါးကိုက်၊ခါးနာ၊ ခြေထောက်ကိုက်၊ ပေါင်ကိုက်မှ တစ်စစနှင့် ရောဂါဝေဒနာကြီးလာပြီး သွေးတိုးရောဂါ။ လေငန်းရောဂါ၊ မျက်စိမှုန်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊အကြောအခြင် တက်ခြင်း ဝေဒနာများအထိ လူတိုင်း ဖြစ်တတ်ကြပါတယ်။

အရွင္ဇနကာဘိ၀ံသ၏ ဆံုးမစကား

မိမိတန်ဖိုးသိတဲ့လူဟာ ကိုယ့်ကိုယ်ကို ထိန်းရတာ ထုံးစံပဲ
တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ဆိုတာ သူများနေသလိုမနေရဘူး
သူများသွားတဲ့နေရာမသွားရဘူး။

သူများဝတ်သလို၊ စားသလို၊ ပြောသလို ၊ မလုပ်ရဘူး
ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ရတယ်။

မတူတဲ့အတွေး ✔

 ဘုရင်တစ်ပါး ရှိတယ်။ သူသည် သူ၏ ပုံတူကို ရေးဆွဲရန်အတွက် အလွန်တော်သော် ပန်းချီပညာရှင် သုံးယောက်ကို ခေါ်လိုက်တယ်။ အလှဆုံး ပုံတူကို ရေးဆွဲနိုင်တဲ့ ပန်းချီပညာရှင်ကို ဆုချီးမြှင့်မယ်လို့
ဘုရင်ကပြောလိုက် ပါတယ်။

သို့ပေမယ့် ဘုရင်မှာက မျက်လုံး တစ်ဘက်သာ ရှိပါတယ်။

☆ပထမ ပန်းချီပညာရှင်က တွေးတယ်။ ငါ သူ့ကို မျက်လုံးတစ်လုံးတည်း ပါတဲ့ ပုံတူကို ရေးပေးလိုက်မယ် ဆိုရင် ငါ့ကို သူ စိတ်ဆိုးလိမ့်မယ်။ဒါကြောင့် ငါ မျက်လုံးနှစ်လုံးပါအောင် ဆွဲပေးလိုက် မယ်လို့ တွေးလိုက် ပါတယ်။


Monday, May 11, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၉)



အုန်းမှုတ်ခွက်နင်း၍ လက်ခံယုံကြည်ကြသူများ

၁၈။ လက်ခံယုံကြည်ပါတယ်
ကျုပ်ဆေခန်းကို ရောက်လာတဲ့ လူနာတွေကို လူနာတွေ ရောဂါအလိုက် ကြည့်ရှုစမ်းသပ်ပါတယ်။ အုန်းမှုတ် ခွက်နင်းသင့်တဲ့လူဆိုရင် အုန်းမှုတ်ခွက်ပါ နင်းဖို့ ကျကျနန တိုက်တွန်းလိုက်ပါတယ်။ အုန်းမှုတ်ခွက်နင်း လေ့ကျင့်ခန်းကို အခုလို အများသိအောင် ဖော်ထုတ်ရေးသားတာဟာ အင်မတန် အကျိုးများပါတယ်။ အားလုံးသော သတ္တဝါတွေ ကျန်းမာ ချမ်းသာ အသက်ရှည်ဆေး တစ်ခုပေါ့။

အုန်းမှုတ်ခွက် နင်းတဲ့ ကိစ္စ လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ပထဝီကြော ဖွင့်ပေးတာကိုး။ ငယ်ငယ်တုန်းက ကျုပ်တို့ ဆရာတော်ကြီးတွေကို ညတိုင်း နင်းခဲ့ နှိပ်ခဲ့ဘူးပါတယ်။နှိပ်တဲ့အခါ “ ခြေဖဝါးကို တံတောင်ဆစ်နဲ့ နာနာထောက်စမ်း- ထောက်စမ်းဟ ” လို့ ခိုင်းလေ့ရှိပါတယ်။ ဒါကြောင့်တံတောင်ဆစ်တွေ ပွန်းပဲ့နေအောင် ထောက်ခဲ့ နှိပ်ခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းကတော့ ခြေဖဝါးကို တံတောင်ဆစ်နဲ့အထောက် ခိုင်း တာဟာ သဘောမပေါက်ဘူးပေါ့ဗျာ။ အခုမှ သဘောပေါက်ပေတော့တယ်။

၃ ရက်ကြာ အစာရေစာ ပြတ်နေသည့် မြန်မာ ၇၀ ကျော်ကို ထိုင်းကယ်တင်


ထိုင်းနိုင်ငံတောင်ပိုင်း ချုဖောင်းမြို့နယ်ထဲက တောထဲမှာ ၃ ရက်ကြာ အစာရေစာပြတ်လပ်နေတဲ့ တရား မဝင် မြန်မာနိုင်ငံသား ၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ကယ်တင်လိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ချူးဖောင်းမြို့နယ်ထဲက နိုင်ငွမ့်ရွာနားက တောထဲတနေရာမှာ အထောက်အထား မဲ့ မြန်မာနိုင်ငံ သား ၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။မေ ၈ ရက်နေ့က ၂၈ ယောက် ရှာဖွေတွေ့ရှိခဲ့ပြီး ၉ ရက်နေ့မှာတော့ နောက်ထပ် ၄၆ ယောက်ကို ထပ်တွေ့ခဲ့တယ်လို့ ရွာသားတဦး က ပြောပါတယ်။

Sunday, May 10, 2015

လူငယ်


ကမ္ဘာကြီးကအရည်အသွေးရှိတဲ့လူငယ်တွေကို တောင်းဆိုနေတယ်၊စိတ်အားထက်သန်တဲ့၊စိတ်ကူးပုံဖော် အတွေးအခေါ်ဆန်းသစ်တဲ့၊ကြောက်ရွံ့မှုကို လွှမ်းမိုးနိုင်မယ့် သတ္တိရှိတဲ့၊သက်တောင့်သက်သာနေရတာကို
မြတ်နိုးတာထက် စွန့်စားမှုကိုလိုလားတဲ့ အသက်အရွယ်အရမဟုတ်ပဲ စိတ်အခြေအနေအရ လူငယ်လို့ ခေါ်
နိုင်မယ့် လူတွေကိုလိုအပ်ပါတယ်။

ရောဘတ်ကနေဒီ(အမေရိကန်အထက်လွတ်တော်အမတ်)

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၈)


၁၇။ ကိုယ်တွေ့အုန်းမှုတ်ခွက်နင်းကြသည့်ပုဂ္ဂိုလ်များ၏ ပြောပြချက်များ
ညောင်ကန်အရှင်ဣန္ဒက

စာရေးသူတို့ မကွေးမြို့သို့ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာမှ တရားဟောဓမ္မကထိက(စာရေးဆရာ)
 ညောင်ကန် အရှင်ဣန္ဒက ကြွရောက်လာပါသည်။ ထိုနေ့ကား မှတ်မှတ်ရရ (၁၆.၁.၇၇) နေ့ ဖြစ်ပါသည်။ မကွေးမြို့မှ ဒကာ၊ဒကာမများထံ အုတ်အုတ်ကျက်ကျက် ကြည်ညိုဖူးမြော်ကြပြီး မကွေးမြို့ ဓမ္မာရုံတွင်တရား ပွဲ သုံးညတိုင် ဟောတော်မူပါသည်။ ဒုတိယညရောက်သောအခါ ညောင်ကန်အရှင်ဣန္ဒက…“ မကွေး ဝင်းမြင့် ကို သိသလား” ဟု အနားမှ ဒကာတစ်ယောက် ကိုမေး၏။

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၇)



ဆီချို၊ သွေးတိုး၊ လေငန်းရောဂါများ

၁၄။ ဆီးချိုရောဂါ
မေး ။ ။ ဆီးချိုရောဂါရှိသူတွေ နင်းရင်ကော ပျောက်ပါသလား။
ဖြေ ။ ။ ပျောက်ပါတယ်၊ မှန်မှန်သာ နင်းပါ။ နံနက်တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ်နင်းပါ၊ နှစ်လ သုံးလအတွင်း ပျောက်ရပါစေ့မယ်။
မေး ။ ။ အုန်းမှုတ်ခွက်နင်းတဲ့အခါ ရှောင်ရမယ့် အစားအစာတွေပြောပါ၊
ဖြေ။ ။ သမားတော်များက ညွှန်ကြားထားတာတွေ ရှိကြမှာပါပဲ၊ အဲဒီအတိုင်း ကျင့်သုံးပါ၊ အုန်းမှုတ်ခွက် နင်းတာကြောင့်တော့ ရှောင်ရမယ့် အစားအစာ မရှိပါ၊ သတိထားရမှာက အုန်းမှုတ်ခွက် နင်းပြီး ရေမချိုးမိဘို့ ပါပဲ။

မေး ။ ။ အုန်းမှုတ်ခွက်နင်းပြီးလို့ ဘယ်နှစ်နာရီကြာမှ ရေချိုး သင့်ပါသလဲ။
ဖြေ ။ ။ ငါးနာရီလောက်ကြာမှ ရေချိုးသင့်ပါတယ်။
မေး ။ ။ ရေချိုးပြီးပြီးခြင်း အုန်းမှုတ်ခွက် နင်းသင့်ပါသလား ။
ဖြေ ။ ။ နင်းသင့်ပါတယ်၊ အကောင်းဆုံးပါပဲ၊ ကျွန်တော်တို့ အနင်း အနှိပ်ခံသလိုပဲပေါ့။
မေး ။ ။ ရောဂါကြာ ကြာသလိုပေါ့။ ရောဂါနု နုသလို ပါပဲ၊ အုန်းမှုတ်ခွက်ကိုပဲ ကျကျနနယုံယုံကြည်ကြည်
 လေးလေးစားစား နင်းပါ၊ ပျောက်ရပါစေမယ်၊ ဒီလိုနဲ့ ပျောက်ကင်းကြသူတွေ ကိုယ်တွေ့တွေ အများကြီးပါ။

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၆)



၁၃။ အုန်းမှုတ်ခွက် နင်းပုံ နင်းနည်း
အုန်းမှုတ်ခွက်နင်းရန်မှာ ကရိကထမများပါ။ အုန်းမှုတ်ခွက် နှစ်လုံးရှာပါ။ တစ်လက်မခန့် အထူရှိသည့် ( အလျား နှစ်ပေ၊ အနံ နှစ်ပေခန့်ရှိ) ပျဉ်ပြားတစ်ချပ်ပေါ်တွင် ဂုန်နီအိတ်ခင်းရပါမည်။ ဂုန်နီအိတ်ပေါ်မှာ အုန်း မှုတ်ခွက် နှစ်ခု မှောက်ပါ။ တစ်ခွက်နှင့်တစ်ခွက် အကွာအဝေးကို မိမိခြေထောက်နင်းကောင်းရုံ ထားရပါ မည်။ အနီမှောက်ထားသော အုန်းမှုတ်ခွက်ပေါ်သို့ လူက ခြေထောက်ဖြင့်တက်၍ ဘယ်ညာနင်းရန် ဖြစ်ပါ သည်။ မိမိကိုယ်တိုင် မတ်တပ်ရပ်၍ မနင်းနိုင်သူကို ဘေးမှ လူအကူအညီဖြင့် နင်းရန် ဖြစ်ပါသည်။