Saturday, April 18, 2020

ထိုင်းတွင် ယခုလ ၁၄ရက် အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထပ်မံမတွေ့ရသည့် ခရိုင် ၂၉ခု



ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည်  ထိုင်းနိုင်ငံတွင် ဇန်နဝါရီလမှစတင်ဖြစ်ပွားခဲ့ရာ ဧပြီလအထိ  ၆၈ ခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားလျက်ခဲ့ပါသည်။

ထိုပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားလျက်ခဲ့သည် ခရိုင် ၆၈ခုတွင် လွန်ခဲ့သည့်၁၄ရက်နေ့အထိ ကူးစက်ရောဂါအသစ်ထပ်မံတွေ့ရှိမှုမရှိသည့် ခရိုင် ၂၉ခုရှိကြောင်းထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ သာဝီးဆင်ဝီဆာနူယိုသင်က ယနေ့၌ပြောကြားသည်။


Wednesday, April 15, 2020

ဖီဖီကျွန်းနေ မြန်မာအလုပ်သမားများကို ကိုရိုနာဗိုင်းရပ်စ် အခမဲ့စစ်ဆေးပေး



ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့သတင်းထုတ်ပြန်ချက်အရကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အတည်ပြုလူနာစုစုပေါင်း ၂၆၄၃ဦးရှိခဲ့ပြီကျန်းမာရေးလည်ကောင်းလာသူ ၁၄၉၇ဦ၊ ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ ၁၁၀၃ဦးနှင့် သေဆုံးသူ ၄၃ ဦးရှိကြောင်းသိရသည်။

ထိုသို့ ကူးစက်ရောဂါပိုမိုထိန်းချုပ်နိုင်ရန် ထိုင်းနိုင်ငံတောင်ပိုင်း ကဘီခရိုင်အောနန်မြို့နယ် ဖီဖီကျွန်း၌ မြန်မာအလုပ်သမားများအပါဝင် ဒေသခံထိုင်းလူမျိုးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရှိမရှိကို  အခမဲ့ စစ်ဆေးပေးလျက်ရှိကြောင်း မြန်မာအလုပ်သမားများ၏ ပြောကြားချက်အရသိရသည်။

Monday, April 13, 2020

ထိုင်းနိုင်ငံ ၄၄ခရိုင်၌ မိုးရွာသွန်းနိုင်ပြီး လေပြင်းမိုးကြိုးဘေးအန္တရာယ်သတိပေးချက်


ဧပြီ ၁၃ရက်နှင့် ၁၄ရက်နေ့တို့တွင်  ထိုင်းနိုင်ငံရှိ ခရိုင် ၄၄ခုတို့၌ နွေရာသီကာလအပူလွန်ကဲမှုကြောင့်ဖြစ်ပေါ်လာသည့် မိုးတိမ်တောင်ကြီးများကြောင့် မိုးရွာသွန်းခြင်း၊မိုးသီးကြျွေခြင်း၊လေပြင်းတိုတ်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် သဘာဘေးအန္တရာယ်များကို ကြိုတင်သတိပြုရန် ထိုင်းမိုးလေဝသဌာနက သတင်းထုတ်ပြန်သည်။

အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ဘက်ရှိ ဒေသအချို့၌ မိုးသီးကြွေးခြင်း၊ အရှေ့မြောက်ဘက်ပိုင်း၊ အရှေ့ပိုင်းနှင့်အလယ်ပိုင်းဒေသများတွင် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။