Monday, September 18, 2017

မယ်ဆောက် CIစင်တာသို့အလုပ်သမားသံအရာရှိသွားရောက်စစ်ဆေး



 ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ စာရင်းကောက်ယူထားသည့် အထောက်အထားမဲ့ မြန်မာအလုပ် သမားများကို စက်တာဘာလ ၁၅ရက်နေ့မှ စတင်၍ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်များပြု လုပ်ပေး လျက်ရှိရာ မယ်ဆောက်မြို့ရှိ CIထုတ်ပေးရေးစင်တာသို့လာရောက်ပြီး Ciစာအုပ်ပြု လုပ်ကြသည့် မြန်မာအလုပ်သမားများနှင့်အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်သည် ယနေ့၌( ၁၇.၉. ၂၁၀၇၊)တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များနှင့်CIအကြောင်းသိကောင်းစရာများကို အလုပ်သမား များနှင့်အပြန်လှန်ဆွေနွေး မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Sunday, September 17, 2017

နကော့စဝမျ CIထုတျပေးရေးစငျတာသို့အလုပျသမားသံအရာရှိသှားရောကျစဈဆေး



ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ စာရင်းကောက်ယူထားသည့် အထောက်အထားမဲ့ မြန်မာအလုပ် သမားများကို ယခုလ ၁၅ရက်နေ့မှ စတင်၍ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI ပြု လုပ်ပေးလျက်ရှိရာ CIစာအုပ်ထုတ်လာရောက်ပြုလုပ်ကြသည့် မြန်မာအလုပ်သမားများCIစာအုပ် အဆင်ပြေလွယ်ကူစွာပြုလုပ်ရန် ယခင်CIစာအုပ်ထုတ်ပေးသည့် စင်တာ(၆)အပြင် ထပ်မံ၍ CIထုတ်ပေးသည့်စင်တာ(၃)ခုကို တိုးချဲ့ ဖွင့်ထားရာ ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ နကော့စဝမ် CIထုတ်ပေးရေးစင်တာသို့အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်မှ သွားရောက်စစ်ဆေးကြောင်းသတင်းရရှိပါသည်။