ဇန်နဝါရီ ၂၉ ၂၀၂၁ ၊ အလုပ်သမားဟစ်တိုင်
ထိုင်းရောက်မြန်မာအလုပ်သမားတွေဆိုတာ ပျော်ရာမနေ တော်ရာမှာနေဆိုသလို ထိုင်းမှာနေအလုပ်လုပ်ကိုင်ခွင့်ရတဲ့အတွက် မြန်မာနိုင်ငံမှာထက် နေထိုင်စားသောက်ဖို့ ပြေလည်တာနဲ့ငွေကြေးအနည်းငယ်စုဆောင်နိုင်တဲ့အတွက် အခက်ခဲတွေကို ကြိတ်မှိတ်သည်းခံပြီး နေကြရတဲ့သူတွေပါ။
ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ဗဟိုပြုပြီးတော့လည်း စီးပွားဖြစ်နေကြတဲ့သူတွေလည်းအသီသီရှိကြပါတယ်။
ပွဲစား အလုပ်ရှင်၊ အစိုးရဆိုပြီး အမည်နဲ့အကြောင်းရာတွေ မတူကွဲပြာကြပေမယ့် သူတို့အားလုံးရဲ့တူညီချက်က အလုပ်သမားများကို ဗဟိုပြုပြီးစီးပွားရှာနေကြတာပါပဲ။


