Saturday, February 21, 2015

သတင်းဟူသည်


သတင်းလိုက်နည်းနှင့် ရေးနည်းကို မပြောမီ သတင်းဆိုတာဘာလဲဆိုတာသိဖို့လိုသည်။ သတင်းကို အင်္ဂလိပ်ဘာသာဖြင့် News ဟု ခေါ်သည်။ အင်္ဂလိပ်ဘာသာ News ကို ဦးထွန်းငြိမ်း အဘိဓာန်တွင် -

        ၁။ မကြာမီကဖြစ်ပျက်သည့်အကြောင်းအရာ
        ၂။ သတင်းစကားများ
        ၃။ ကြားသိရသောအရာဟူ၍ မြန်မာဘာသာပြန်ဆိုထား၏။


အမှန်မှာ “မကြားသိရသေးသော ထူးခြားသည့်ဖြစ်ပေါ်မှု” ဟူ၍ ဘာသာပြန်ဆိုလျှင် မိုမိုနီးစပ်မည်ဟု ကျွန်တော်ယူဆသည်။

လောကတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသော ကိစ္စများသည် သတင်းများသာဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်များ ဖြစ်ပေါ်ပုံနှင့် ထိုသို့ဖြစ်ပျက်သော အကြောင်းအခြင်းအရာများပေါ်တွင် မူတည်လျက် အရေးကြီးသော သတင်းဟုတ် မဟုတ်၊ သတင်းစာများတွင် ဖော်ပြသင့် မသင့် ဝေဖန်သုံးသပ်ရသည်။

သာမန်အားဖြင့် သတင်းများကို ရာဇ၀တ်မှုသတင်း၊ ရုံးသတင်း၊ အစိုးရသတင်း၊ အားကစားသတင်း၊ သာရေးနာရေး သတင်း၊ မိုးလေ၀သသတင်း အစရှိသဖြင့် လူ့လောကတွင်ဖြစ်ပျက်သမျှကို အမည်တပ်ပြီး ခေါ်ဝေါ်ကြသည်။

Tuesday, February 17, 2015

ဘာကြောင့်




