Monday, April 06, 2015

ကံ ကံ၏အကျိုး


လောကတွင် လူတစ်ချို့က ဒုစရိုက်ရှောင်ပြီး ကုသိုလ်ကံတွေ လုပ်ပါတယ်။ ကြိုးစားပါတယ် ၊ ရိုးသားပါတယ်၊ မိဘမျိုးရိုးလည်း ကောင်းပါတယ်၊ ရုပ်ရည်လည်း သန့်ပြန့်ပါတယ်။ဒါပေမယ့် ဘ၀ဟောင်းက ကံအကြောင်း မလှလို့ဘဲ ဆိုရမလား . . .ကံမရှိ ဥာဏ်ရှိတိုင်းမွဲ လို့ပဲ ဆိုရမလားမသိဘူး သူတို့ခမျာ ရွှေငွေမ၀တ်နိုင်၊ အိမ်ပိုင်၊ယာပိုင်၊ မရှိ။

ကားတွေတိုက်တွေ ဆိုတာတော့ ဝေလာဝေးပါ ရှာလိုက်၊ စားလိုက်၊ ပြောင်းလိုက်၊ ရွှေ့လိုက်၊ ကြွေးတင်
လိုက်၊ ပြန်ဆပ်လိုက်၊ ထပ်ချေးလိုက်၊ ထပ်အဆင်မပြေနဲ့သံသရာ လည်နေပါတယ်။

လူတစ်ချို့က ဘာသာရေး အရေးပေးလိုက်စားတယ်၊ ငါးပါးသီလမြဲတယ်၊ သူတစ်ပါး နစ်နာအောင်လည်း ဘယ်တော့မှ မလုပ်ပါဘူး ၊ဒုစရိုက်ရှောင်ပြီး သုစရိုက်ဆောင်ပါတယ်။သူများကို သူကနစ်နာအောင် မလုပ်ပေမယ့် သူများက နစ်နာအောင် လုပ်တာကို ခံကို ခံနေရတယ်။ မကြာခဏ ကြုံကိုကြုံ၊ ဆုံကို ဆုံရတယ်။


Sunday, April 05, 2015

ဟန်


လူတွေဟာ အချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာ လိမ်ညာ ဖြီးဖြန်းပြီး ဆက်ဆံနေကြတာ မဟုတ်တာကို အဟုတ်လုပ်ပြော ၊ မြှောက်ပင့်ပြီးလည်းပြောတယ်၊အလုပ်ဖြစ်အောင် ၊ ကိုယ့်အကျိုး ပြီးမြောက်အောင် လှည့်ပတ်ပြောတယ်. . .

လူဟာ ဟန်ဆောင်လည်းကောင်းတယ် ၊ ဟန်လုပ်လည်းပြောတယ်၊ စိတ်ထဲက လိမ်ညာပြီး ဖြီးဖြန်းနေပေ မယ့် အပြင်ဟန်ပန်လေသံတွေက တည်ကြည်တဲ့ လူရိုးလူဖြောင့်လိုလို ၊ သူကောင်းလိုလို ပိပိရိရိ ဟန်ဆောင်တတ်၊ သရုပ်ဆောင်တတ်တယ်။

"မုသားမပါ လင်္ကာမချော" ဆိုတဲ့ အဆိုအမိန့်အတိုင်း လိမ်ညာနေတာကိုပဲ လိမ်ညာနေတယ်လို့ မသိ ရအောင် အဖုံးအကွယ် အလှည့်အချိုးတွေနဲ့ လူလည်တွေဟာ ပြောတတ်ဆိုတတ်တယ်။ မှန်ကန်သော စကားတွေကို ဆိုနေတဲ့ လူမှန်လူဖြောင့် ပုံပေါ်အောင် ဖော်ဆောင်တတ်ကြတယ်။


မိတ်ဆွေတုမျုား

ကူမယ့်မိတ်ဆွေမဟုတ်ဘဲ ယူမယ့်မိတ်ဆွေ
၁။ငွေကြေားအကူအညီ၊ လုပ်အား အကူအညီ စသည်ဖြင့် . . .သူ့ဘက်က အကူအညီပေးတယ် မရှိပါဘူး . . ကိုယ့်ဆီက ရရင်ယူမယ်. . . ရသမျှ ယူမယ်ဆိုတဲ့ အကျင့်ရှိတယ်.

၂။ ကူညီရင်လည်း နည်းနည်းပဲ . . သူ့အလှည့်ရောက်တဲ့အခါ ကိုယ့်ဆီက ယူတဲ့ အကူအညီကျတော့ အများကြီး ၊ အများကြီး ပိုယူရမှ ကျေနပ်တဲ့ သဘောထားရှိတယ်၊အကျင့်ရှိတယ်.။

၃။ ကူညီတယ်ဆိုရာမှာလည်း ဒီလိုမကူညီရင် သူအကြီးအကျယ်ဒုက္ခရောက်မှာ ဆိုးလို့ ကြောက်လန့်ပြီး ကူညီတာပါ စေတနာကောင်းနဲ့ ကူညီတာမျိုးမဟုတ်ပဲမလွှဲမရှောင်သာလို့ ကူညီတာပါ. .

၎။ ကိုယ့်ကို လာပြီးပေါင်းသင်းတာဟာ ကိုယ့်ကို ချစ်လို့ ခင်လို့ မဟုတ်ပါဘူး . . . သူ့အတွက် အကျိုးရှိမှာ မို့လို့သာလာပေါင်းတာပါ သူ့အတ္တအကျိုးပဲ ကြည့်ပြီး ပေါင်းသင်းဆက်ဆံတဲ့ လူမျိုးတွေပါ။

ကံ ကံ၏ အကျိုး


  ကောင်းကင်၌ တည်နေစေ
သမုဒ္ဒရာအလယ်၌ ရှိနေစေ၊
တောင်ခေါင်းလိုဏ်ဂူအတွင်း၌ နေစေ၊
အကျိုးပေါ်တော့မည့် ကံမှ မလွတ်
လောက၌ ၊ အကျိုးပေါ်တော့မည့်
ကံမှ လွတ်ရန် ရှောင်ပုန်းရမည်း နေရာမရှိ
..
(ဓမ္မပဒ- တယောဇန ၀တ္တု)