Tuesday, October 04, 2016

ကမ္ဘာကို ပညာဖြင့် အလှဆင်နေသည့် ကမ္ဘာ့ဆရာများ



“ရက်မြတ်မင်္ဂလာ၊ သည်အချိန်အခါဝယ်”
ဆရာကျေးဇူး၊ မြတ်ဂုဏ်ထူးကို
ရည်စူးမြတ်နိုး၊ လက်စုံမိုး၍
ရှိခိုးကန်တော့ပါ၏။ မြတ်ဆရာ။”
“ကြာမျိုးငါးမည်၊ ဖူးပွင့်စည်သည်
ရာသီအလှ၊ ဤကာလတွင်
ဘုရားရှင်၏၊ သဘင်ဝါကျွတ်
လအထွတ်ချိန်၊ ဆီမီးထိန်ဖြင့်
ဦးနှိမ်ပူဇာ၊ ပြည်မြန်မာဝယ်
ဆရာများနေ့၊ မြတ်ဓလေ့ဖြင့်
မတွေ့ မြင်းမိုရ်၊ ထိုထိုဂုဏ်ထူး
မြတ်ကျေးဇူးကို၊ အထူးချီးကျူး
ဂုဏ်ပြုကြပါစို့”

လှစိုးမိုး(စီမံကိန်း)

Sunday, October 02, 2016

ထိုင်းနိုင်ငံ၏ရွှေ့ပြောင်းအလုပ်သမားအကြောင်း တစေ့တစောင်း




အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးတိုးတက်မှုနှေးကွေးနေကာ တရားမဝင်ရွှေ့ပြောင်း လုပ်သားများ၏ အလုပ်မသေချာခြင်းစိုးရိမ်မှုများမှာလည်း မြင့်တက်လျက်ရှိနေချိန် ထိုင်းနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံက အလုပ်သူခိုးများ ဟုပြောဆိုကာ နှိမ်နင်းဖြိုခွင်းမှုများပြုလုပ်လျက်ရှိသည်။