Wednesday, January 29, 2025

အခါးအရသာနှင့် ဆေးဖက်ဝင်မှု

 


 လူသားမှန်သမျှ မွေးဖွားပြီးစကာလဝယ် အမိနို့ ရည်၊ တိရစ္ဆာန်နို့ရည်၊ လူလုပ်နို့မှုန့်ပစ္စည်း စသည်တို့ ကိုမှီဝဲပြီး အသက်ဆက်လက်ရှင်သန်ရသည်။ ချို ချဉ် စပ် ဖန် ခါး အငန် ခြောက်တန်အရသာဟူ၍ အရသာ ခြောက်မျိုးရှိသည့်အနက် ငယ်စဉ်တောင်ကျေး ကလေး ဘဝတွင် အချိုအရသာနှင့် စတင်ထိတွေ့ရသည်။ တဖြည်းဖြည်းကြီးပြင်းလာသည်နှင့်အမျှ မိဘဆွေမျိုး များ ကျွေးမွေးသော အရသာများကို စားသုံးဖြစ်ကြ သည်။ ပထမဦးဆုံးစားသုံးရသော အချိုအရသာကို မကြိုက်သူဟူ၍ မရှိသလောက်ရှားပါးကြသည်။ အရွယ် ရလာသည်နှင့်အမျှ အချဉ်ကြိုက်သူ၊ အစပ်ကြိုက်သူ၊ အဖန်ကြိုက်သူ၊အငန်ကြိုက်သူများ အထိုက်အလျောက် ရှိလာတတ်သော်လည်း အခါးကြိုက်သူ နည်းပါးနေ သည်ကို လေ့လာတွေ့ရှိရသည်။