ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်ခရိုင် မေ(င်)နယ်မြေ ၊ခလောင်ဝမ်းမြို့နယ်၊ချောင်စင်ခွန်ကျေးရွာ အုပ်စု(၆)တွင် ယနေ့(၁၁.၇.၂၀၂၀) နံနက်(၁)နာရီအချိန်၌ တရားမဝင်နယ်မြေဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား(၆)ဦးကို ဖမ်းဆီး၇မိကြောင်းသိရသည်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပေါ်နေသည့်ကာလအတွင်း ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ဝင်ရောက်မှုများမဖြစ်ပေါ်စေရန် ပကျွတ်ခီလီခမ်ခရိုင်၌ သံဆူးကြိုးများကားရံထားရှိသောလည်း ယခုဖမ်းဆီးရမိသည့် တရားမဝင်နယ်မြေဖြတ်ကျော်ဝင်ရောက်သူများသည် ညသန်းခေါင်းယံအချိန်များတွင် ဖြတ်ကျော်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။





