Saturday, July 11, 2020

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၆ဦးအဖမ်းခံရ

 

ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်ခရိုင် မေ(င်)နယ်မြေ ၊ခလောင်ဝမ်းမြို့နယ်၊ချောင်စင်ခွန်ကျေးရွာ အုပ်စု(၆)တွင် ယနေ့(၁၁.၇.၂၀၂၀) နံနက်(၁)နာရီအချိန်၌ တရားမဝင်နယ်မြေဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား(၆)ဦးကို ဖမ်းဆီး၇မိကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပေါ်နေသည့်ကာလအတွင်း ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ဝင်ရောက်မှုများမဖြစ်ပေါ်စေရန် ပကျွတ်ခီလီခမ်ခရိုင်၌ သံဆူးကြိုးများကားရံထားရှိသောလည်း ယခုဖမ်းဆီးရမိသည့် တရားမဝင်နယ်မြေဖြတ်ကျော်ဝင်ရောက်သူများသည် ညသန်းခေါင်းယံအချိန်များတွင် ဖြတ်ကျော်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


ထိုသို့ဖမ်းဆီးရမိသည့် တရားမဝင်နယ်မြေဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား၆ဦး(ကျား ၄ဦး၊မ၂ဦး)တို့ကို ဥပဒေအရဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


ထိုင်းနိုင်ငံထဲသို့ မြန်မာအလုပ်သမားများ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသဖြင့်ဖမ်းဆီးရမိမှုများလာခဲ့ရာ ထိုင်းအာဏာပိုင်များက ထိုင်းမြန်မာနယ်စပ်တလျောက်တွင်သံဆူးကြိုးကာရံခြင်း၊ ဒရုန်းဖြင့်ထောက်လှမ်းခြင်းများ၊CCTVများဖြင့် စောင့်ကြည်မှုများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အလုပ်သမားဟစ်တိုင်