ပူပြင်းလှသော နေရောင်အောက်တွင် စာရွက်စာတမ်း များထည့်သော ဖိုင်အိတ်ရောင်စုံများကို ကိုင်ဆောင် ထား သည့် လူငယ်အချို့ ရပ်စောင့်နေကြသည်။
သွက်လက်ပုံရပြီးဌာနဆိုင်ရာရုံးလုပ်ငန်း များနှင့် အ ကျွမ်းတဝင်ရှိပုံရသည့် လူငယ်တစ်ဦးနောက်သို့ တ
ကောက်ကောက်လိုက်ကြရင်း မကြာမီ ရက်ပိုင်း အ တွင်း နိုင်ငံခြား သွားရောက် ကြတော့မည်ဟု အား ခဲကာ မျှော်လင့်ချက်အချို့ သူတို့ကိုယ်စီတွင် ရှင်သန်နေကြသည်။ သူတို့အားလုံး၏ ရည်မှန်းချက်က နိုင်ငံခြား သို့ သွားရောက်၍ အလုပ်လုပ်ကိုင်ခြင်းဖြင့် မိမိတို့ မိသားစုကို ပြန်လည်ထောက်ပံ့မည်။ ကိုယ်တိုင်လည်း ခိုင်မာသည့်အလုပ်အကိုင်ဖြင့် ဘဝခရီးဖြောင့်ဖြူး ကြတော့မည်ဟုသာ။
