(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေ BE2541နှင့် အညီ အလုပ်ရှင်နှင့် အလုပ်သမား တို့၏ ရပိုင်ခွင့်များနှင့် တာဝန်များ)
၅။ခွင့်
နာမကျန်းခွင့်
အလုပ်သမားသည် အမှတ်တကယ် မကျန်းမာသောရက်များအားလုံး အမှန်တကယ် ကျန်းမာသည့်နေ့အထိ နာမကျန်းခွင့် ခံစားပိုင်ခွင့်ရှိသည်။ (၃)ရက်နှင့်(၄)ရက် ထက် ကျော်လွန်သော နာမကျန် ခွင့်ယူသူ အလုပ် သမားကို သတ်မှတ်ထားသော ဆေးရုံ၊ ဆေးခန်းမှ ဆေးလက်မှတ် သို့မဟုတ် ပထမတန်းအဆင့်ရှိ ပါရဂူ ဆရာဝန် ထံမှ ဆေးလက်မှတ်ကို အလုပ်ရှင်မှ ဆောင်းဆိုရယူနိုင်သည်။ အကယ်၍ သတ်မှတ်ထားသော ဆေးလက်မှတ်ကို မတင်ပြပါက အလုပ်သမားသည် အလုပ်ရှင်အား လိုအပ်သော ရှင်းလင်းတင်ပြချက်ကို ပြု လုပ်ပေးရမည်။
တစ်ရက်တာနာမကျန်းခြင်းနှင့် ထိခိုက်ဒဏ်ရာရှိခြင်း တို့ကြောင်း အလုပ်ငန်းပျက် ကွက်ခြင်းနှင့် သားဖွားခွင့်ယူထားသော အလုပ်သမားများအား နာမကျန်းခွင့် အဖြစ် မသက်မှတ်ရ။

