ဇန်နဝါရီ ၂၉ ၂၀၂၁ ၊ အလုပ်သမားဟစ်တိုင်
ထိုင်းရောက်မြန်မာအလုပ်သမားတွေဆိုတာ ပျော်ရာမနေ တော်ရာမှာနေဆိုသလို ထိုင်းမှာနေအလုပ်လုပ်ကိုင်ခွင့်ရတဲ့အတွက် မြန်မာနိုင်ငံမှာထက် နေထိုင်စားသောက်ဖို့ ပြေလည်တာနဲ့ငွေကြေးအနည်းငယ်စုဆောင်နိုင်တဲ့အတွက် အခက်ခဲတွေကို ကြိတ်မှိတ်သည်းခံပြီး နေကြရတဲ့သူတွေပါ။
ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ဗဟိုပြုပြီးတော့လည်း စီးပွားဖြစ်နေကြတဲ့သူတွေလည်းအသီသီရှိကြပါတယ်။
ပွဲစား အလုပ်ရှင်၊ အစိုးရဆိုပြီး အမည်နဲ့အကြောင်းရာတွေ မတူကွဲပြာကြပေမယ့် သူတို့အားလုံးရဲ့တူညီချက်က အလုပ်သမားများကို ဗဟိုပြုပြီးစီးပွားရှာနေကြတာပါပဲ။
အလုပ်သမားတွေကို အကြောင်းပြုပြီး ကာလကြာရှည်စွာ ဝမ်းစာရှာစီးပွားဖြစ်လာတဲ့သူတွေအားလုံးလည်း အခုလိုကိုဗစ်ကာလအကြပ်တည်ကြာမှာ အလုပ်သမားတွေကို ငဲ့ညှာသောအားဖြင့် နေထိုင်ခွင့်အထောက်ထားပြုလုပ်တာ ဗီဇာသက်တမ်းတိုး ဆောင်ရွက်တာတွေကို အစိုးရဈေးနှုန်းအတိုင်း ဆောင်ရွက်ခွင့်ရအောင် ဒါမှမဟုတ် အစိုးရဈေးနှုန်းအတိုင်းမရခဲ့လည်း သက်သာတဲ့ဈေးနှုန်းဖြင့် ကူညီပေးသူမရှိကြဘဲ အခွင့်ရေးရတုန် ရသလောက်ယူမယ်ဆိုတဲ့သူတွေပဲများနေတာဖြစ်လို့ ပလိုင်ပေါက်နဲ့ဖားကောက်နေကြလို့ အလုပ်သမားတွေအနေနဲ့ လည်း စဉ်စားဖို့ လိုပါပြီ။
ထိုင်းအစိုးရကထုတ်ပြန်လိုက်တဲ့ ကိုဗစ်ကာလအတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့်အထောက်ထားများပြုလုပ်ရမည့်အသက်ရွယ်အလိုက်ကုန်ကျစရိတ်များမှာ အသက် ၇နှစ်အောက် ကလေးများဘတ်ငွေ ၃,၈၁၀ ၊ အသက် ၁၈ နှစ်အောက် ကလေးများအတွက် ကုန်ကျစရိတ် ၇,၂၈၀ ဘတ် ၊ စက်ရုံအလုပ်သမားများ၏ ကုန်ကျစရိတ်မှာ ၉,၁၈၀ ဘတ်ရေလုပ်သားများ၏ ကုန်ကျစရိတ်မှာ ၉,၃၈၀ ဘတ်တို့ဖြစ်ကြပြီး အလုပ်ရှင်ကိုယ်တိုင်လိုက်ပါဆောင်ရွက်ပေးမှ အဲ့ဈေးနှုန်းအတိုင်းရမှာဖြစ်လို့ ပွဲစားတွေနဲ့လွှဲပြီး စာရွက်စာတမ်းလုပ်ခိုင်မယ်ဆို ဒီထက်မက ကုန်ကျမှာဖြစ်ပါတယ်။
သက်တမ်းတိုး၊ နေထိုင်းခွင့်အထောက်ထားပြုလုပ်ဖို့အတွက် စက်ရုံကြီးတွေမှလွဲပြီး အခြားသော အလုပ်ရုံပိုင်ရှင်တွေက ကိုယ်တိုင်လိုက်ပါဆောင်ရွက်ပေးတာမျိုး ဒါမှမဟုတ် ရုံးဝန်ထမ်းတွေကို ကိုယ်စာလှယ်စေခိုင်တာမျိုးမရှိပဲ လိုအပ်တဲ့စာရွက်စာတမ်းလောက်သာ ထုတ်ပေးပြီး လုပ်သမားတွေကို ပွဲစားနဲ့ ရုံးကိစ္စတွေဆောင်ရွက်ခိုင်တာကြောင့် အလုပ်သမားတွေမှာ အစိုးရသက်မှတ်ဈေးထက် အဆမတန်ဈေးကြီးပေးပြီးမဖြစ်မနေ ဆောင်ရွက်ကြရတာ အများအသိပဲဖြစ်ပါတယ်။
ဥပမာ ဗီဇာသက်မှတ်ဈေး ၁၉၀၀ဘတ်မှာ ၂၃၀၀ဘတ် မှ ၃၅၀၀ဘတ် ၄၀၀၀ ဘတ်အထိ ပေးပြီးဆောင်ရွက်နေရတာဖြစ်လို့အလုပ်သမားတွေအတွက်များစွာ နစ်နာရပါတယ်။ အချို့မသိနာမလည်တဲ့အလုပ်သမားတွေဆို ၅လလောက်ပဲ သက်တမ်းရှိတဲ့ ဗီဇာအတွက် ဘတ် ၃၅၀၀ အထိ ပေးပြီး ပြုလုပ်ခဲ့ရတာကိုလည်း စာရေးသူကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။
အဲဒီလို အလုပ်သမားတွေသာမက ထိုင်းမှာရောက်နေတဲ့ အလုပ်သမားလူဟောင်းတွေလည်း MOUစနစ်နဲ့ထိုင်းနိုင်ငံမှာ ပြန်အလုပ်လုပ်ဖို့ မြန်မာနိုင်ငံမှာ စာချုပ်ချုပ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းရှိ လုပ်ငန်းခွင်များမှာပြန်လာပြီး ပုံမှန်အတိုင်းလုပ်ငန်းခွင်ဝင်နေတဲ့ အလုပ်သမားတွေမှာလည်း MOUစနစ်အတွက် ငွေအကြေပေးချေထားပြီး ထိုင်စောင့်နေရတဲ့အချိန် ပန်းရောင်ဘတ်ပါ ထပ်ပြီးလုပ်ရအုန်းမယ်ဆို ငွေကြေးထပ်မံကုန်ကျခံရအုန်းမှာဖြစ်ပါတယ်။
ယခုအခါ ထိုင်းအစိုးရထုတ်ပြန်လာသည့် ပန်းရောင်ဘတ်ကတ်အပါဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် အထောက်ထားများကို အလုပ်သမားများနဲ့ သားသမီးတွေအတွက်ပါ မဖြစ်မနေ ဈေးကြီးစွာနဲ့ပြုလုပ်ရမှာဖြစ်လို့မိသားစုများတဲ့သူတွေအတွက် ကိုဗစ်ကာလမှာ အခက်ခဲအကြပ်တည်တစ်ခုအဖြစ် ရင်ဆိုင်ရတော့မှာဖြစ်သလိုနောက်ထပ် သက်သေခံအထောက်ထားများ ထပ်ဆင့်ဆောင်ရွက်ရမှာဖြစ်လို့ အလုပ်သမားများ နေရပ်ပြန်ပြီး MOUစနစ်နဲ့ပြန်လာခွင့်ရဖို့အတွက်ကို တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်စေချင်တယ်။
ယခုအခါ ထိုင်းအစိုးရဘက်က ကိုဗစ်ရောဂါအခြေနေတွေကြောင့် အထောက်ထားများပြုလုပ်ဖို့အတွက် ၆လတာအချိန်ထပ်တိုးပေးလိုက်တာကြောင့် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများအနေဖြင့် အဆိုပါကာလအတွင်း နေရပ်ပြန်လိုတဲ့ အလုပ်သမားတွေ အဆင်ပြေဖို့အတွက် မြန်မာနိုင်ငံဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်း တိုင်းတပါးမှာ ချောင်းပိတ်မိပြီး အခက်ခဲဖြစ်နေတဲ့ မိမိနိုင်ငံသားတွေ အမြန်ဆုံး နေရပ်ပြန်ခွင့်ရဖို့အတွက် လေးနက်စွာဖြင့် အမြန်ဆုံးဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံကာ တိုတ်တွန်အပ်ပါတယ်။