ရောက်ရှိနေကြသော တရားမ၀င်အလုပ်သမားများအား လုံးကို ပန်းရောင်ဘတ် လုပ်ပေးခြင်းမပြုပါ။
(၁) မတ်လ/၂၀၁၅ ဘတ်သက်တမ်းကုန်မည့်သူတွေကို ဘတ်သက်တမ်းပြန် ဆက်ပေးနေပါတယ်။
(ဘတ်သက်တမ်-၁၀နှစ် ဗီဇာ-၁ နှစ်ရပါတယ်။
(၂) ရေလုပ်သားတွေကို ပန်းရောင်ဘတ် လုပ်ပေးနေတာမှန်ပါတယ်
တင်းကြပ်တဲ့ စစ်ဥပေဒကြောင့် ရေလုပ်ငန်းအလုပ်ရှင်များသည်ပင်လျှင် အလုပ်သမားဦးရေ အတိအကျ ကိုသာ လုပ်ပေးရဲကြပါတယ်။
(ကုန်းပေါ်က လုပ်သားတွေကို လုပ်ပေးခြင်းမရှိပါ) ချွင်းချက်- တချို့နေရာတွေမှာ-ကုန်းပေါ်က မြန်မာအလုပ်သမားတွေကို ရေလုပ်သားနေရာမှာ အစားထိုးလုပ်နေကြတာ ရှိနိုင်ပါတယ်။
အခုအချိန်အထိ ကုန်းပေါ်က လုပ်သားတွေကို ဘတ်လုပ်မပေးသေးပါ။ ထိုင်းလုပ်ငန်းရှင်အချို့နှင့် ပွဲစားတွေကတော့ လုပ်ပေးလိမ့်မယ်ဆိုပြီး ငွေတွေကောက်ယူကြတာတွေလည်းရှိပါတယ်။
သို့သော် နောက်ပိုင်းအလုပ်ရှင်/အလုပ်နေရာတွေစစ်ဆေးလာရင် မြေဇာပင်ဖြစ်မှာ
မြန်မာအလုပ်သမားတွေပါ တာဝန်ရှိသူက မသေချာတာကို ပြောဆို မှားတာရှိ ခဲ့ရင် နောက် ပိုင်းပြသနာ အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ လူကုန်ကူးလုပ်နေ ကြတဲ့ ထိုင်းပွဲစား/မြန်မာပွဲစားတွေ ရဲ့ လုပ်ငန်းကို အားပေးရာလည်းရောက်စေပါတယ်။
လက်တွေ့မှာ-
8/5/2015 နေ့က လူမှောင်ခို သွင်းလာခံကြရတဲ့ မြန်မာ(၂၈)ဦး (မြန်မာမိန်းကလေး ၄-ဦး ထိုင်းပွဲစားများ သားမယားပြုကျင့်ခံရ)ကို -ထိုင်းနိုင်ငံတောင်ပိုင်းက ချွန်ပွန် မှာဖမ်းဆီးခံထားရပါတယ်။ မြန်မာတွေက ဘတ်သစ်တွေလုပ်ပေးနေကြောင်း ပွဲစားများပြောပြသိရှိရပြီး ၀င်ရောက်လာကြတယ်လို့သိရပါတယ်။
ဇာတ်တော်တွေ၊ သမိုင်းတွေ၊ ရာဇ၀င်တွေ ပြန်ကြည့်ရင်လည်း အကြောင်းရင်းမရှာမိလို့ ဆုံးရှုံး နစ်နာသွားရတဲ့ သာဓကတွေ အများကြီးပါ။
အတွေးထဲမှာ လတ်တလောပေါ်လာတာလေးက “သရေခေတ္တရာ သမိုင်းလေး”ပါ။ သရေခေတ္တရာ ခေတ်ကို စတင်တည်ထောင်ခဲ့တဲ့မင်းက “ဒွတ္တပေါင်မင်းကြီး” ပါ။ နောက်ဆုံး မင်းဆက်က “သုပညာမင်း”ပါ။သရေခေတ္တရာခေတ်ဟာ မင်းဆက်ပေါင်း(၂၅)ဆက် ရှိခဲ့ပါ တယ်။
မင်းဆက် (၂၅)ဆက်ထဲက နောက်ဆုံးဖြစ်တဲ့ “သုပညာမင်း” အကြောင်းပြောပြရအောင်ပါ။
တစ်နေ့မှာ သုပညာမင်းဟာ ကမ်းယံပြည်မှာ မငြိမ်မသက်ဖြစ်နေလို့ စစ်ထွက်ခဲ့ရပါတယ်။ အင်အားကောင်းကောင်းနဲ့ တိုက်လိုက်တဲ့အတွက် စစ်နိုင်ပါတယ်။ဒါပေမယ့် သုပညာမင်းဟာ အဲဒီ ကမ်းယံပြည်မှာပဲ နေနေလိုက်ပါတယ်။ စစ်သည် မှူးမတ်တွေကတော့ သရေခေတ္တရာ ကိုပဲ ပြန်ချင်နေကြပါတယ်။ဘယ်လောက်အထိ နေနေလိုက်သလဲဆိုရင် . . . “သုံးနှစ်” အထိတောင် နေနေလိုက်ပါတယ်။ သုံးနှစ်ပြည့်မှပဲ သရေခေတ္တရာပြည်ကို ပြန်ခဲ့ပါတယ်တဲ့။
သရေခေတ္တရာပြည် ပြန်ရောက်တော့ တိုင်းပြည်က အရင်လိုမဟုတ်တော့ပါဘူး။ မငြိမ်မ သက်တွေ ဖြစ်နေပါပြီ။ ဒီလိုနဲ့ တစ်နေ့မှာတော့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ အိမ်ရှေ့ ထွက် စကော နဲ့ ဆန်ပြာနေပါတယ်။ ဆန်ပြာနေတုန်းမှာပဲ လေပွေကြီးတစ်ခု ဝှေ့တိုက်လိုက်ပြီး၊ အမျိုးသမီး ငယ်လေးရဲ့ လက်ထဲ မှာရှိတဲ့ စကောလည်း လေပွေကြီးထဲကို လွင့်တက်ပြီး ပါသွားပါတယ်။
လေပွေနောက်ကို “စကော” ရုတ်တရက် လွင့်ပါသွားတော့ “ငါ့စကော၊ငါ့စကော” လို့အော် လည်းအော်၊ စကောနောက်ကိုလည်း ပြေးလိုက်သွားပါတယ်။
“ငါ့စကော၊ ငါ့စကော” ဆိုတဲ့အသံကြားတော့ ကျန်တဲ့အိမ်ထဲက လူတွေကပါ ထွက်ကြည့် ကြပါ တယ်။ ဒါပေမယ့် ထွက်ကြည့်တဲ့ လူတွေရဲ့နားထဲမှာ ဘယ်လိုကြားပြီး ဘယ်လို နားလည်သွား သလဲ ဆိုတော့ “ငစကောစစ်တပ်ကြီး ချီလာပြီ၊ငစကောစစ်တပ်ကြီး ချီလာပြီ” လို့ကြားပြီး၊ နားကြားမှု လွဲသွားပါတယ်။
ဒီတော့ ပြည်သူပြည်သားတွေက ငစကောတပ်ကြီးကို ကြောက်လန့်ပြီး၊မိသားစုလိုက် ကိုယ်စီ ထွက်ပြေးကြပါတော့သတဲ့။အပြင်မှာ ရုတ်ရုတ်သဲသဲနဲ့ ဆူညံနေတဲ့အချိန်မှာ သုပညာမင်း ဟာ လည်းမကျန်းမမာဖြစ်နေတဲ့အချိန်ပါ။ နောက်ဆုံးတော့ သုပညာမင်းဟာ ဆူညံပွက်လော ရိုက်နေတဲ့ အသံတွေကြောင့်ပဲ ထင်ပါတယ်။ နတ်ရွာစံသွားပါတယ်။
အဲဒီမှာတင် သရေခေတ္တရာပြည်ကြီး ပျက်စီးသွားရသလို၊ သရေခေတ္တရာမင်းဆက် လည်း ပြတ် သွား ရပါတော့တယ်။ ဒါကြောင့် မြို့ပြည်မင်းဆက်ပြတ်သွားတဲ့အတွက် သုပညာရဲ့နောက်မှာ နဂရဆိန္နဆိုတဲ့ အမည်ထပ်ဆက်ပြီး “သုပညာ နဂရဆိန္နမင်း” လို့ နောက်ပိုင်းမှာ အမည်တွင် သွားတော့တယ်။နဂရ-ကမြို့ ၊ ဆိန္န-က ပြတ်တောက်တယ် လို့ အဓိပ္ပာယ် ထွက်ပါတယ်။ တကယ်တော့ ဘာငစကောစစ်တပ်ကြီးမှ ချီမလာခဲ့ပါဘူး။
“ငါ့စကော” ဆိုတဲ့ စကားလေးတစ်ခွန်းဟာ တိုင်းပြည်တစ်ပြည်ပျက်စီးသွားရသလို မင်းဆက် လည်းပြတ်သွားခဲ့ရပါတယ်။ ဘာပဲပြောပြော စကားလေးတစ်ခွန်းဟာ တိုင်းပြည်တစ်ပြည်နဲ့ မင်းဆက်တစ်ခုကို ပြောင်းလွဲ သွားနိုင်ခဲ့တာတော့အမှန်ပါ ပဲ။