ပထုန်ဌာနီခရိုင် ပထုန်ဌာနီမြို့ ပေါ်ဖလပ်မြို့နယ် ရပ်ကွက်(၆)အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအား သတင်းရရှိချက်အရ ပထုန်ဌာနီခရိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ခရိုင်ရဲတပ်ဖွဲ့တပ်များအပါဝင် တာဝန်ရှိသူများကယနေ့(၁၁.၈.၂၀၂၀) ညနေ ၅နာရီအချိန်က ဝင်ရောက်စစ်ဆေးခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်း၌ မြန်မာအလုပ်သမားအလုပ်သမား ၂၁ဦး(ကျား ၁၄၊ မ၇)တို့ကို တွေ့ရှိကြောင်းသိရသည်။
၎င်းအလုပ်သမားများကို စစ်ဆေးခဲ့ရာ အထောက်မရှိဘူး ၁၇ဦး(ကျား ၁၁၊ မ၆)တို့ကိုဖမ်းဆီးရမိသဖြင့် ယင်းတို့ကို တရားမဝင်နေထိုင်မှုဖြင့်အရေးယူရန် နခွန်ပထုန်ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံအပါဝင် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူးမခံရစေရန်၊ မှန်ကန်သော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်နှင့် ပြည်ပနိုင်ငံများသို့ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်နိုင်မည့် နည်လမ်းများ ၊အခွင့်အရေးများနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်၊တိုင်းဒေသကြီး၊မြို့နယ်များရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများသို့ ဆက်သွယ်မေးမြန်းနိုင်သည်။