Friday, August 07, 2020

ထိုင်းနိုင်ငံမှ ပထမဆုံးကိုယ်ပိုင် လျှပ်စစ်မော်တော်ဘုတ် ၂စင်းထုတ်လုပ်


ထိုင်းနိုင်ငံ၏ ပထမဆုံး လျှပ်စစ်မော်တော်ဘုတ် (၂)စင်းကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီးဘန်ကောက်မြို့အနီးရှိ ကျောက်ဖယာမြစ်အတွင်း ၂၀၂၁ခုနှစ်၌ စတင်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။

ခရီးစဉ်အနေဖြင့် ဘန်ကောက်မြို့ ဆာထော်မြို့နယ်မှ နွန်ထဘူရီခရိုင် ပါကတ်မြို့နယ်ကို ပြေးဆွဲမည်ဖြစ်ကာ ခရီးသွားကြာမြင့်ချိန် ၁နာရီခန့်သာကြာမြင့်မှာဖြစ်ပြီး ခရီးသည် (၂၀၀)အထိ လိုက်ပါနိုင်မှာဖြစ်ကြောင်းသိရသည်။

မော်တော်ဘုတ်အတွက်လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကို (၁၅)မိနစ်မှ (၂၀)မိနစ်အတွင်း ဖြည့်သွင်းပြီးပါက  ခရီးစဉ်ပြေးဆွဲနိုင်မည့် ကြာမြင့်ချိန်မှာ (၃)နာရီအထိဖြစ်ကြောင်းသိရသည်။