Monday, July 27, 2020

ထိုင်းရောက်မြန်မာအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရေး လူမှုအဖွဲ့စည်းများက ဆောင်ရွက်လျက်ရှိ


၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက်ထိုင်းနိုင်ငံရှိပြည်ပရောက်တက်ကြွလှုပ်ရှားသူများနှင့် လူမှုအဖွဲ့အစည်းများမှ စမွတ်ဆာခွန်ခရိုင်၊မဟာချိုင်မြို့၊ဘန်ထိုလ နယ်မြေရှိ ဝပ်ဘန်ထူးစင်ထိုင်းဘုန်းတော်ကြီးကျောင်း၌  ဇူလိုင် ၂၆ ရက်နေ့လည်ပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။      


              အဆိုပါတွေ့ဆုံပွဲ၌  ဘန်ထိုလနယ်မြေရှိ လူမှုအဖွဲ့စည်းများဖြစ်ကြသော   မြမြင့်မိုရ်ပရဟိတအသင်း၊ မြတ်ပါရမီပရဟိတအသင်း၊အပ္ပမာဒပရဟိတအသင်း၊စုပေါင်းလူငယ်ဓမ္မစကြာအသင်းနှင့်ဘန်ထိုလတ်ပရဟိတအသင်းတို့မှ အသင်းသူ၊အသင်းသား ၂၀ ဦးတို့က ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအလုပ်သမားများအားလုံး ကြိုတင်ဆန္ဒမဲပေးနိုင်ကြရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းလည်းဖြစ်ကြောင်းမြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် အလုပ်သမားဟစ်တိုင်မှကိုစောမောင်ကပြောသည်။ 


 ''ထိုင်းနိုင်ငံဘက်ခြမ်းရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမာဦးရေက သန်းနဲ့ချီရှိနေတော့ ဆန္ဒမဲတွေအလဟသမဆုံးရှုံးစေခြင်းတာရယ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပိုမိုအာရုံစိုက်လာစေချင်တာရယ်တာကြောင့် ဒီနယ်မြေမှာရှိတဲ့ မြန်မာလူမှုအဖွဲ့စည်းခေါင်းဆောင်များတွေ့ဆုံဖြစ်ကြတာပါ " ဟု ၎င်းကပြောသည်။         


 ပြည်ပရောက်မြန်မာများကြိုတင်ဆန္ဒမဲပေးခွင့်ရရှိစေရန်အတွက် တင်ပြလျှောက်ထားနိုင်ကြရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင် ၂ ရက်ကအသိပေးထုတ်ပြန်ထားခြင်းဖြစ်ပြီးတရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေကြသူများအနေဖြင့် မဲပေးခွင့်ရရှိကြမည်ဖြစ်ရာ မြန်မာသံရုံးများတွင်လျှောက်လွှာ(ပုံစံ ၁၅)ကိုကြိုတင်လျှောက်ထားကြရမည်ဖြစ်၍ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားမဲဆန္ဒရှင်များ ရွေးကောက်ပွဲတွင် ဆန္ဒမဲပါဝင်ပေးနိုင်ရန်အတွက် ဆန္ဒမဲပေးခွင့်လျှောက်လွှာ ပုံစံ ၁၅ များကို ဘန်ကောက်မြို့ရှိမြန်မာသံရုံးမှဖြန့်ဝေပေးလျက်ရှိကြောင်း၊ လျှောက်လွှာလက်ခံမှုနှင့်ပတ်သက်၍ အီးမေးလ်နှင့်ဖြစ်စေ လူကိုယ်တိုင်လာရောက်ပေးပို့သည်ဖြစ်စေစာတိုက်မှတဆင့်ပေးပို့သည့်ဖြစ်စေ ပိတ်ရက်မရှိလက်ခံဆောင်ရွက်ပေးနေကြောင်းထိုင်းနိုင်ငံရှိမြန်မာသံရုံးမှထုတ်ပြန်ထားကြောင်းလည်းသိရသည်။