ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် ဘန်ထိုလနယ်မြေ ဘန်ခေါင်ဆူးလမ်းခြံနံပါတ် ၅/၉ရှိ နေအိမ်တန်းလျားတစ်ခုတွင် မြန်မာအလုပ်သမားအမျိုးသား မောင်ချစ်ကိုကို(၂၀နှစ်)သည် ယမန်နေ့ ည ၇နာရီအချိန်ခန့် တွင် နေထိုင်ရာအခန်း၌ မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
သေဆုံးသူနှင့်အခန်းဖော်၃ဦးတို့သည် အခင်းဖြစ်ပွားသည့် အခန်းအားငှားရမ်နေထိုင်သည်မှာ ၂နှစ်ခန့်ရှိပြီးဖြစ်ကာ ယမန်နေ့တွင် အတူအခန်းဖော်များသည် အလုပ်မှပြန်လာပြီး အချိန်အတန်ကြာ အခန်းတံခါး
ခေါက်ရာ ထူးခြားမှုရှိသဖြင့် အခန်းအနောက်ဘက်မှကြိုးစားဝင်ရောက်ခဲ့ရကြောင်းသိရသည်။
အခန်းဖော်များ၏ ပြောကြားချက်အရ သေဆုံးသူသည် အရက်သောက်သူမဟုတ်သလို အခြားသော အကြောင်းကိစ္စများကိုလည်း မိမိတို့ကို ပြောဆိုသည်လည်းမရှိကြောင်းသိရသည်။
တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သေဆုံးသူ၏ံ ရုပ်အလောင်းတွင်သူတွင်ပြင်ပလက္ခာတစုံတရာမတွေ့ရှိ သေဆုံးသူ၏အနီးလဲကျနေသည်ပလက်စတစ်ခုံတစ်ခုသာတွေ့ရသည် သေမှုသေခင်းနှင့်ပက်သက်၍
ဆက်လက်စစ်ဆေးနိုင်ရန် ဆေးရုံးသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်


