၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့၌ ကျင်းပပြုလုပ်မည့်အထွေထွေရွေးကောက်ပွဲ၌ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအလုပ်သမားများအနေဖြင့် ဆန္ဒမဲပေးခွင့်ရရှိစေရန် လူမှုအဖွဲ့စည်းများ တသီးပုဂ္ဂလတတ်ကြွသူများကဆောင်ရွက်လျက်ရှိပါသည်။
ယနေ့တွင် ဘန်ကောက်မြို့ ဘန်ဘော်နယ်မြေ ဧကချိုင် ၈၉/၈လမ်း၌ဖွင့်လှစ်ထားသည့် ခုန်ခှိုနဂါအမည်ရှိ အခမဲ့ပညာသင်တန်းကျောင်း၌ ဆန္ဒမဲပေးခွင့်ရရှိရန် ပုံစံ ၁၅များဖြည့်သွင်းခြင်း၊ဆန္ဒမဲပေးခြင်းတို့နှင့်ပက်သက်၍ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ကြရာ အစည်းဝေပွဲသို့ ထိုင်းနိုင်ငံဒေသအသီးသီးရှိ လူမှုရေး ပရဟိတအဖွဲ့စည်းများမှ ပအိုဝ်လူမျိုးကိုယ်စာလှယ် ၂၀ဦးခန့်တတ်ရောက်ခဲ့ပါသည်။