ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ စမွတ်ဆာခွန်ခရိုင်များတွင် အလုပ်သွားလုပ်ကြမည့် မြန်မာနိုင်ငံသား ၂၃ ဦး (ကျား ၁၂ ၊ မ ၁၁ )ကို ယနေ့ မွန်းတည့် ၁၂နာရီခွဲခန့်တွင်ကျန်ချနဘူရီခရိုင် စိုင်းယို့နယ်မြေ ဘွန်းတီးရပ်ကွက်အတွင်းရှိ တောစပ်တနေရာတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံရကြောင်းသိရပါတယ်။
ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံ ထားဝယ်ခရိုင် ရန်ကုန်တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှလာကြကြောင်းနဲ့ ၎င်းတို့ကို စိုင်ယိုးရဲစခန်းသို့ ပို့ဆောင်ပြီး ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားမယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။