Monday, October 25, 2021

ရနောင်းခရိုင်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမားများအဖမ်းခံရ

 


အောက်တိုဘာ ၂၅ ၊ ရနောင်း ၊ အလုပ်သမားဟစ်တိုင် 

ထိုင်းနိုင်ငံ ရနောင်းခရိုင် လအူ(န်)မြို့နယ် မှ ချွန်ဖော်ခရိုင် စဝီမြို့နယ်သို့ ဦးတည်းမောင်နှင်းလာ ကား ၄စီးပေါ်တွင်လိုက်ပါလာသည့် တရားမဝင်မြန်မာအလုပ်သမား ၄၄ဦး (ကျား ၃၅ ၊ မ ၉ ) ပွဲစားနှင့် ယာဉ်မောင်းများအပါဝင်စုစုပေါင်း ၅၀ ဦးတို့ကို ယနေ့တွင် ထိုင်းအာဏာပိုင်များကဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများ၏ ပြောဆိုချက်အရ ထိုင်းနိုင်ငံသို့လာရောက်ရင် ပွဲစားခ တဦးလျှင် ဘတ်ငွေ ၁၉၀၀၀ပေးရကြောင်းနှင် ထိုင်းနိုင်ငံထဲဝင်ရောက်ရန် ကော့သောင်းမြို့ ခမောက်ကြီးတွင်၁၅ရက်ကြာစောင့်ဆိုင်ခဲ့ရပြီး ထို့မှတဆင့် ရနောင်းခရိုင် ကလပ်ဘူရီနယ်မြေ မမုရပ်ကွက် အုပ်စု၇ ဘန်းဒွန်ဆွာသို့ လှေငယ် ၃ စီးဖြင့် ကမ်းကူးလာခဲ့ရကြောင်းသိရသည်။

Source_Matichon Onlin