Monday, October 25, 2021

မြန်မာနိုင်ငံသား ၁၂၀ဦး ထပ်မံအဖမ်းခံရ

 

ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ ဆီလီမုံခွန်ရပ်ကွက်အနီးရှိ တောတွင်တနေရာတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  ၁၂၀ ဦး ( ကျား  ၆၅ ၊ မ ၅၅ )တို့ကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။


ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများသည် ထားဝယ်ခရိုင် ၊ မော်လမြို့မြို့နယ် ၊ ပဲခူးနှင့်ရန်ကုန်တို့မှ လာရောက်သူများဖြစ်ပြီး ဘန်ကောက်မြို့နှင့် နခွန်ထုန်ခရိုင်တို့တွင် အလုပ်သွားလုပ်မည့်သူများဖြစ်သည်။