Sunday, October 17, 2021

ကလေးငယ်၁ဦးအပါဝင် မြန်မာနိုင်ငံသား၁၅ဦး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့်အဖမ်းခံရ


ထိုင်းနိုင်ငံ ဖူးကတ်၊ ဆူရတ်ဌာနီ ချွန်ဖော်နှင့် စမွတ်ဆာခွန်ခရိုင်တို့တွင် သွားရောက်အလုပ်လုပ်ကိုင်ဖို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့်  မြန်မာနိုင်ငံသား ၁၅ ဦး (ကျား ၁၀ ၊ မ ၄ ) နှင့် ကလေးငယ် ၁ဦး (မ) တို့ကို အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၅နာရီအချိန်ခန့်တွင် ရနောင်းခရိုင်မီ(င်)နယ်မြေ ပါနန်ရပ်ကွက် အုပ်စု ၃ တွင် ရနောင်းခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် တာဝန်ရှိသူများဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ( ၁၅ ) ဦးတွင်  (၁၂ )ဦးသည် တရားဝင်စာရွက်စာတမ်းများရှိပြီး ကျန် ၂ ဦးသည် အထောက်ထားမဲ့များဖြစ်ကြောင်းသိရသည်။