“ကြာစိ (ကြာစေ့) ယူအုန်မလာ အစ်ကို” …..
“ကြာစိ (ကြာစေ့) ဝယ်အုန်မလာ အစ်မ” ….
နေပူကြဲထဲ လမ်းလျှောက်ရင်း မရဲတရဲ အသံနဲ့ သမီး လိုက်မေးပါတယ် ။ တချို့က မိသားစု နဲ့ ၊ တချို့ က သူငယ်ချင်းမိတ်ဆွေတွေနဲ့ အကြော်တွေ၊ မုန့်တီတွေ မှာစားကြ ၊ ပျော်ပျော်ပါးပါး စကားတွေပြော လိုက်ကြ ၊ ရယ်မောပျော်ရွှင်လိုက်ကြ နဲ့ သမီး နေ့စဉ်မြင်တွေ့နေရတဲ့ မြင်ကွင်းပေါ့ ။ သမီးလေး သူတို့ကို အားကျလိုက်တာလေ ….
ဒါပေမယ့် မဖြစ်သေးပါဘူး ။ သမီးက ကားဂိတ်တွေ-ဘူတာတွေမှာ ကြာစိ (ကြာစေ့ )ရောင်ရတာလေ ။
ကျောင်းလား … နှစ်တန်းထိတော့ နေဖူးတယ်ရှင်၊။ နောက်တော့လဲ အိမ် က အဆင် မပြေတော့ ကျောင်းထွက်လိုက်ရတယ်လေ ။ သမီးမှာ မောင်လေး တစ်ယောက် ၊ ညီမလေးတစ်ယောက်ရှိသေး တယ်လေ။
သမီးအသက်လား … ဆယ့်တစ်နှစ်ရှိပါပြီရှင်။ ဆယ့်တစ်နှစ် ဆိုပြီး အထင်မသေး နဲ့နော် ။ သမီးပိုက်ဆံရှာနိုင်ပြီရှင့်။
သမီး ရွက်ထားတဲ့ ဗန်းပေါ်မှာ ကြာစိ (ကြာစေ့)ပါတယ်ရှင် ။ အများကြီးတော့ မဟုတ် ပါဘူး အားလုံးပေါင်း ငါးခုလောက်တော့ ကျန်သေးတယ် ။
သမီးအဖေက ကုန်ထမ်းတယ်လေး။ ကုန်ထမ်းတယ်ဆိုပေမယ့်လည်း အရမ်း အဆင်ပြေနေ တဲ့ အလုပ်ကြီးတော့ မဟုတ်ပါဘူးရှင် ။ ကုန်ထမ်းတယ်ဆိုတာကလည် ဝါကျွတ်ပွင့်လင်းရာသီမှ အဆင်ပြေတာလေး။အမေလဲ ရပ်ကွက်ထဲမှာ တောက် တိုမယ်ရ အကုန်လုပ်တာပဲလေ။
ညနေလဲစောင်းနေပြီ။ မြန်မြန်ရောင်းကုန်ချင်လှပြီ ။ ဒီကြာစိ (ကြာစေ့)အကုန်ရောင်း ရရင် ငွေ ငါးရာလောက်တော့ရမှာပဲဗျ ။ အဲ့ကျမှ ညနေစာ ဆန်ဝယ်ရမယ်လေ။
သမီးက ကြာစိ (ကြာစေ့)ယူဦးမလားမေးတော့ အကြော်စားနေတဲ့ အစ်မကြီး က ကြာစိ (ကြာစေ့)ကို ကြည့်ပြီး ခေါင်းတွင်တွင်ခါတော့တာပဲ။ ကြာစိ (ကြာစေ့) တွေက လက်ဆက်ပါတယ်။
ဒီနေရာမှာ မရောင်းရလည် တခြားနေရာတွေကို သမီးသွားရောင်းလိုက်ပါအုန်မယ်။
သမီးတို့ မိသားစု ထမင်းတစ်နပ် စားရဖို့ အတွက် ၊ ထမင်းနပ်မှန်ဖို့အတွက် ၊ အသက်ဆက်ရှင်ဖို့အတွက် ဒီကြာစိ (ကြာစေ့)ကို ကုန်အောင် ရောင်းမှဖြစ်မယ် မဟုတ်လား ……
“ဟောဒီက ကြာစိ (ကြာစေ့) အကို ရေ “
ရင်နှင့် ခံစားရေးဖွဲ့သည်
ကိုဖြိုး(မုတ္တမ)