နေ့စဉ်ဘဝမှာ စကားများရာကနေ ဆဲဆိုတာ၊ မဟုတ်မမှန် စွပ်စွဲတာ၊ တွန်းတာ၊ ပါးရိုက်တာ၊ လက်သီးနဲ့ထိုးတာအထိ ဖြစ်လာတတ်ပါတယ်။
ဒါပေမယ့် “သူက အရင်ဆဲလို့ ထိုးလိုက်တာ”၊ “မဟုတ်မမှန်ပြောလို့ ရိုက်လိုက်တာ” ဆိုတာနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှု အပြစ်မရှိတော့တာ မဟုတ်ပါဘူး။
ဆဲဆိုမှု၊ အသရေဖျက်မှုနဲ့ ထိုး၊ ရိုက်မှုတွေဟာ ဥပဒေအရ သီးခြားပြစ်မှုတွေ ဖြစ်နိုင်ပါတယ်။
တွန်း၊ ထိုး၊ ရိုက်ပေမယ့် ဒဏ်ရာမပြင်းရင် — ပုဒ်မ ၃၉၁
တဖက်လူကို ရည်ရွယ်ပြီး အင်အားသုံးတိုက်ခိုက်ပေမယ့် ကိုယ်ခန္ဓာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာဖြစ်တဲ့အဆင့် မရောက်ဘူးဆိုရင် ပုဒ်မ ၃၉၁ သက်ဆိုင်နိုင်ပါတယ်။
ဥပမာ—
တွန်းတာ
ပါးရိုက်တာ
ထိုး၊ ရိုက်ပေမယ့် ပြင်းထန်ဒဏ်ရာ မဖြစ်တာ
စတဲ့အခြေအနေတွေ ဖြစ်နိုင်ပါတယ်။
ပြစ်ဒဏ်က ထောင်ဒဏ် ၁ လအထိ၊ ဒဏ်ငွေ ၁၀,၀၀၀ ဘတ်အထိ သို့မဟုတ် နှစ်မျိုးလုံး ဖြစ်နိုင်ပါတယ်။
ထိုး၊ ရိုက်လို့ ဒဏ်ရာရရင် — ပုဒ်မ ၂၉၅
တဖက်လူကို ရည်ရွယ်ပြီး ထိုး၊ ရိုက်၊ ကန်တာကြောင့် ကိုယ်ခန္ဓာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်လာတယ် ဆိုရင် ပုဒ်မ ၂၉၅ အောက်က ကိုယ်ထိလက်ရောက်ကျူးလွန်မှု ဖြစ်နိုင်ပါတယ်။
ပြစ်ဒဏ်က—
ချမှတ်ခံရနိုင်ပါတယ်။
လင်မယားအချင်းချင်း ထိုး၊ ရိုက်လို့ ရသလား
မရပါဘူး။
“လင်မယားကိစ္စပဲ၊ ကိုယ့်မိန်းမကို ကိုယ်ရိုက်တာ၊ ကိုယ့်ယောက်ျားကို ကိုယ်ထိုးတာ” ဆိုပြီး ဥပဒေက ခွင့်ပြုထားတာ မရှိပါဘူး။
လင်က မယားကိုဖြစ်စေ၊ မယားက လင်ကိုဖြစ်စေ ကိုယ်ထိလက်ရောက် ကျူးလွန်ရင် ဒဏ်ရာအခြေအနေပေါ်မူတည်ပြီး ပုဒ်မ ၃၉၁၊ ၂၉၅၊ ၂၉၇ စတဲ့ ရာဇသတ်ကြီးပုဒ်မတွေ သက်ဆိုင်နိုင်ပါတယ်။
ဒါ့အပြင် အိမ်ထောင်ဖက်အချင်းချင်း ထိုး၊ ရိုက်တာဟာ မိသားစုအတွင်း အကြမ်းဖက်မှု အဖြစ်လည်း သက်ဆိုင်နိုင်ပါတယ်။
ဥပမာ—
စတဲ့အခြေအနေတွေဟာ “လင်မယားကိစ္စ” ဆိုပြီး အမှုမရှိတာ မဟုတ်ပါဘူး။
ထိုင်းတရားရေးရုံးကလည်း လင်မယားအချင်းချင်း ထိုး၊ ရိုက်တာဟာ ဥပဒေအရ ပြစ်မှုဖြစ်နိုင်ပြီး ဒဏ်ရာအဆင့်အလိုက် ရာဇဝတ်ပြစ်ဒဏ် သက်ဆိုင်နိုင်ကြောင်း ရှင်းပြထားပါတယ်။
အရေးပေါ်အန္တရာယ်ရှိရင် ရဲ 191 သို့မဟုတ် လူမှုကူညီရေး Hotline 1300 ကို ဆက်သွယ်နိုင်ပါတယ်။
ဒဏ်ရာပြင်းထန်ရင် — ပုဒ်မ ၂၉၇
ထိုး၊ ရိုက်မှုကြောင့် ဒဏ်ရာပြင်းထန်လာရင် ပုဒ်မ ၂၉၇ သက်ဆိုင်နိုင်ပါတယ်။
ဥပမာ—
မျက်စိကွယ်ခြင်း
နားမကြားတော့ခြင်း
ကိုယ်အင်္ဂါဆုံးရှုံးခြင်း
မျက်နှာအမြဲတမ်း ပျက်စီးခြင်း
ကိုယ်ဝန်ပျက်ကျခြင်း
အမြဲတမ်းမသန်စွမ်းဖြစ်ခြင်း
ရက် ၂၀ ကျော် ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်း သို့မဟုတ် ပုံမှန်အလုပ်မလုပ်နိုင်ခြင်း
စတဲ့ အခြေအနေတွေ ပါဝင်နိုင်ပါတယ်။
ပုဒ်မ ၂၉၇ အရ ထောင်ဒဏ် ၆ လမှ ၁၀ နှစ်အထိ၊ ဒဏ်ငွေ ၁၀,၀၀၀ မှ ၂၀၀,၀၀၀ ဘတ်အထိ ချမှတ်နိုင်ပါတယ်။
ဆဲဆိုတာလည်း အမှုဖြစ်နိုင်သလား
ဖြစ်နိုင်ပါတယ်။
တဖက်လူကို မျက်နှာချင်းဆိုင် ဆဲဆိုခြင်း၊ အရှက်ခွဲခြင်း၊ နှိမ့်ချခြင်း စတဲ့လုပ်ရပ်တွေဟာ အခြေအနေပေါ်မူတည်ပြီး ပုဒ်မ ၃၉၃ သက်ဆိုင်နိုင်ပါတယ်။
ပြစ်ဒဏ်က—
ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် စကားများတာ၊ မကျေနပ်လို့ ငြင်းခုံတာတိုင်း အလိုအလျောက် ပုဒ်မ ၃၉၃ မဖြစ်ပါဘူး။ တဖက်လူကို စော်ကား၊ နှိမ့်ချတဲ့သဘော ရှိမရှိကို စစ်ဆေးရပါတယ်။
မဟုတ်မမှန်ပြောရင် — အသရေဖျက်မှု ဖြစ်နိုင်သလား
တယောက်အကြောင်းကို တတိယလူထံ ပြောဆိုပြီး အဲဒီစကားကြောင့် သူ့ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်၊ လူတွေမုန်းတီးလာနိုင်တယ်၊ အထင်အမြင်ကျဆင်းနိုင်တယ် ဆိုရင် ပုဒ်မ ၃၂၆ အောက်က အသရေဖျက်မှု ဖြစ်နိုင်ပါတယ်။
ပြစ်ဒဏ်က—
ဖြစ်နိုင်ပါတယ်။
အရေးကြီးတာက ပုဒ်မ ၃၂၆ အတွက် ပုံမှန်အားဖြင့် တတိယလူတဦးဦးက အဲဒီစွပ်စွဲပြောဆိုမှုကို သိရှိခဲ့ခြင်း ဟာ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
Facebook၊ TikTok မှာ တင်ရင်
အသရေထိခိုက်စေနိုင်တဲ့ အကြောင်းအရာကို လူအများသိအောင် Post၊ ဓာတ်ပုံ၊ ဗီဒီယို၊ အသံ ဒါမှမဟုတ် စာသားနဲ့ ဖြန့်ဝေရင် ပုဒ်မ ၃၂၈ — ကြော်ငြာနည်းဖြင့် အသရေဖျက်မှု ဖြစ်နိုင်ပါတယ်။
ပြစ်ဒဏ်က ထောင်ဒဏ် ၂ နှစ်အထိနဲ့ ဒဏ်ငွေ ၂၀၀,၀၀၀ ဘတ်အထိ ဖြစ်နိုင်ပါတယ်။
“သူက အရင်ဆဲလို့ ငါထိုးတာ” ဆိုရင်ရော
တဖက်က အရင်ဆဲတာဟာ ကိုယ်ထိလက်ရောက် ပြန်ထိုးခွင့်ရသွားတာ မဟုတ်ပါဘူး။
တဖက်က ဆဲဆိုမှုအတွက် အမှုရှိနိုင်သလို ကိုယ်က ပြန်ထိုးရင် ကိုယ့်ဘက်မှာလည်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုအတွက် သီးခြားအမှု ဖြစ်နိုင်ပါတယ်။
အလွယ်ပြောရရင်—
ဆဲသူ → ဆဲဆိုမှု/အသရေဖျက်မှုအတွက် အမှုရှိနိုင်
ထိုးသူ → ကိုယ်ထိလက်ရောက်ကျူးလွန်မှုအတွက် အမှုရှိနိုင်
နှစ်ဖက်စလုံး သီးခြားအရေးယူခံရနိုင်ပါတယ်။
ဒေါသထွက်လို့ ချက်ချင်းပြန်ရိုက်ရင်
ထိုင်းရာဇသတ်ကြီး ပုဒ်မ ၇၂ အရ မတရားပြင်းထန်စွာ နှောင့်ယှက်၊ စော်ကားခံရမှုကြောင့် ရုတ်တရက်ဒေါသထွက်ပြီး အဲဒီအချိန်မှာပဲ ပြစ်မှုကျူးလွန်တဲ့ အခြေအနေတချို့မှာ တရားရုံးက ပြစ်ဒဏ်လျှော့ပေးနိုင်ပါတယ်။
ဒါပေမယ့် ဒေါသထွက်တာ = အပြစ်မရှိတာ မဟုတ်ပါဘူး။
အချိန်ကြာပြီးမှ ပြန်သွားထိုးတာမျိုးဆိုရင်လည်း ရုတ်တရက်ဒေါသထွက်မှုထက် လက်စားချေမှုအဖြစ် သုံးသပ်နိုင်ပါတယ်။
ကိုယ့်ကိုယ်ကို ကာကွယ်တာနဲ့ မရောသင့်
တဖက်က အခုချက်ချင်း ကိုယ့်ကို ထိုး၊ ရိုက်၊ အန္တရာယ်ပြုနေတာကို လိုအပ်သလောက် ပြန်တားဆီးကာကွယ်တာနဲ့ တဖက်က အရင်ဆဲထားလို့ နောက်မှ ပြန်သွားထိုးတာ မတူပါဘူး။
ဘယ်သူက စတိုက်ခိုက်ခဲ့သလဲ၊ အန္တရာယ်ရှိနေသေးသလား၊ ပြန်အသုံးပြုတဲ့အင်အားက လိုအပ်တာထက် ကျော်လွန်သလားဆိုတာကို အမှုတခုချင်းစီ စစ်ဆေးရပါတယ်။
ဘာသက်သေတွေ သိမ်းထားသင့်လဲ
ထိုး၊ ရိုက်၊ ဆဲ၊ အသရေဖျက်မှု ဖြစ်လာရင်—
ဒဏ်ရာဓာတ်ပုံ
ဆေးရုံဆေးလက်မှတ်
ဆေးကုသစရိတ်ပြေစာ
CCTV
မျက်မြင်သက်သေ
Chat / Voice Message
ဖုန်းခေါ်ဆိုမှုမှတ်တမ်း
Facebook / TikTok Post Screenshot
မူရင်း Post URL
Account အမည်
ဗီဒီယိုနဲ့ အသံဖိုင်
တွေကို မဖျက်ဘဲ သိမ်းထားသင့်ပါတယ်။
အလွယ်မှတ်ထားရမယ့် ပုဒ်မတွေ
အနှစ်ချုပ်
ထိုးတာ၊ ရိုက်တာ၊ ဆဲတာ၊ မဟုတ်မမှန်ပြောတာဟာ တမှုတည်းမဟုတ်ပါဘူး။
တဖက်က ဆဲဆို၊ အသရေဖျက်ထားရင် သူ့လုပ်ရပ်အတွက် သီးခြားအမှု ဖြစ်နိုင်သလို ကိုယ်က ပြန်ထိုးရင် ကိုယ့်ဘက်မှာလည်း သီးခြားအမှု ဖြစ်နိုင်ပါတယ်။
လင်မယားအချင်းချင်း ဖြစ်တာလည်း ခြွင်းချက်မဟုတ်ပါဘူး။
အိမ်ထောင်ဖက်ကို ထိုး၊ ရိုက်တာဟာ ဒဏ်ရာအခြေအနေပေါ်မူတည်ပြီး ရာဇဝတ်မှုဖြစ်နိုင်သလို မိသားစုအတွင်း အကြမ်းဖက်မှု အဖြစ်လည်း သက်ဆိုင်နိုင်ပါတယ်။
ကိုးကားရင်းမြစ်
ထိုင်းရာဇသတ်ကြီး ပုဒ်မ ၇၂၊ ၂၉၅၊ ၂၉၇၊ ၃၂၆၊ ၃၂၈၊ ၃၉၁၊ ၃၉၃၊ မိသားစုအတွင်း အကြမ်းဖက်မှုဆိုင်ရာ ဥပဒေနှင့် ထိုင်းတရားရေးရုံး Office of Justice Affairs (Justice Channel) ၏ ဥပဒေရှင်းလင်းချက်များ။
မှတ်ချက် — အမှုတခုချင်းမှာ ဒဏ်ရာအခြေအနေ၊ ပြောဆိုခဲ့တဲ့စကား၊ ဖြစ်ရပ်အစဉ်အလာနဲ့ သက်သေအထောက်အထားတွေပေါ်မူတည်ပြီး သက်ဆိုင်တဲ့ပုဒ်မ ကွာခြားနိုင်ပါတယ်။