Thursday, December 09, 2021

ထိုင်းနိုင်ငံထဲ တရားမဝင်ရွှေ့ပြောင်းသွားလာရသဖြင့် ယခုနှစ်အတွင်း မြန်မာအလုပ်သမား ၆ ဦး သေဆုံးခဲ့ရ


တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်လာကြတဲ့မြန်မာအလုပ်သမား ၈၅ဦး ( ကျား၄၆ ၊ မ ၃၉ ) တို့ကို မြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ်အနီးရှိ ပကျွတ်ခီလီခမ်ခရိုင် ၊ မေ(င်)မြို့နယ်တွင်ဒီဇင်ဘာလ ၈ရက်နေ့ နံနက် ၂နာရီမှ ည ၁၀ နာရီအတွင်း  ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။


အဆိုပါနေ့၌ပင်  တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၈ဦးတို့ကို တင်ဆောင်လာသည့် ပစ်ကပ်ကားတစီးကိုသက်ဆိုင်ရာတာဝန်ရှိသူများက မသင်္ကာလို့ ကားကိုတားဆီးရာ အရှိန်ဖြင့်မောင်းနှင်ထွက်ပြေးခဲ့ရာ အယုဒ္ဓယခရိုင် မဟာရတ်မြို့နယ်  ဖိုင်ခွယ်မီးပွိုင့်အနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာမြန်မာလုပ်သား ၃ဦးသည် အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးပြီး ၄ဦးဒဏ်ရာပြင်းထန်းစွာရရှိခဲ့သည်။

အလာတူပင် နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၈နာရီအချိန်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမား ၂၃ဦး လိုက်ပါခဲ့သည် မော်တော်ယာဉ်နှစ်စီအနက် တစီတိမ်းမှောက်သဖြင့်ြ မန်မာအလုပ်သမား ၃ဦး ( ကျား ၁ ၊ မ ၂ )သေဆုံးကာ ၄ ဦး (ကျား ၂ ၊ မ ၂ ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့အားလုံးကို ကံဖဲဖေ့(ချ်)ခရိုင်တွင် ကံဖဲဖေ့(ချ်)မြို့နယ် နာဘောင်ခမ်ကျေးရွာအုပ်စု (၁၂ )၌  ပွဲစားများက စွန့်ပစ်ခဲ့ခြင်းဖြစ်စဉ်တခုဖြစ်ပေါ်ခဲ့သည်။

အလုပ်သမားဟစ်တိုင်