မြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ်အနီးရှိ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဲ့ဒေါင့်(ဝ်)ရပ်ကွက် ဘန်းမဲ့ဒေါင်အုပ်စု ၃ရှိ ကြံခင်းအနီးတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၃၅ ဦးကို အဖွဲ့ပေါင်းစုံပါဝင်သည့် လုံခြုံရေးအဖွဲ့က အောက်တိုဘာလ၂၉ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်းသိရသည်။
ဖမ်းဆီးရမိသည့် အလုပ်သမားများကို ကံဖယ်ဖစ်လှချဖတ်တက္ကသိုလ်(မဲဆောက်မြို့)ရှိ ကိုဗစ်စင်တာသို့ ပို့ဆောင်ပြီး ဆေးစစ်ခဲ့ရာ မြန်မာအလုပ်သမား ၁ ဦး တွင် ကိုဗစ်ရောဂါတွေ့ရှိပြီး အလုပ်သမားများကို နေရာချထားခြင်းနှင့် ဥပဒေအရဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Source – SAQ News
.
.