တဦးလျှင် ပွဲစားခ ဘတ် ၁၈၀၀၀ မှ ၂၀၀၀၀ အထိပေးပြီး ဘန်ကောက်မြို့၊ စမွတ်ဆာခွန်ခရိုင်၊ နခွန်ပထုံခရိုင်၊ နွန်ထဘူရီခရိုင်၊ စမွတ်ပရာကန်ခရိုင်များနှင့်ချွန်ဘူရီခရိုင်တို့တွင် အလုပ်သွားလုပ်ကြမည့် မြန်မာအလုပ်သမား ၁၈၄ဦးတို့အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကန်ချနဘူရီခရိုင်နဲ့ ပကျွတ်ခီလီခမ်းခရိုင်၌ အဖမ်းခံရကြောင်း ထိုင်းဘုရင့်တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါသတင်းချက်ထဲတွင် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် ကန်ချနဘူရီခရိုင် မီ(င်)နယ်မြေ ၊ ဘန်းကောင်ရပ်ကွ့် ပ(ရ်)သူဒန်းတွင် မြန်မာအလုပ်သမား ၄၉ ဦး (ကျား ၃၄ ၊ မ ၁၅ )ကို ခေါ်ဆောင်လာသူ ၁ဦးနဲ့အတူဖမ်းဆီးရပြီးကြောင်းနှင့် ဆက်လက်ပြီး ဘန်းကောင်ရပ်ကွက် ၊ ဟွေးနမ်ခေါင်တွင် မြန်မာအလုပ်သမား ၃၈ဦး (ကျား ၂၁ ၊ မ ၁၈ )တို့ကိုလည်းကောင်၊ နံနက် ၄ နာရီခွဲခန့်တွင် စံခလဘူရီနယ်မြေ နွန့်လူရပ်ကွက် မွန်စထေးတွင် မြန်မာအလုပ်သမား ၅၅ဦး ( ကျား ၃၃၊ မ၂၂)တို့ကို ထပ်မံဖမ်းဆီးရမိကြောင်းသိရသည်။
ဆက်လက်ပြီး ပကျွတ်ခီလီခမ်းခရိုင် မီ(င်)နယ်မြေ ၊ခလွန်ဝါးရပ်ကွက် လိုင်းခေလာတွင်မြန်မာအလုပ်သမား ၄၃ ဦး ( ကျား ၁၈ ၊ မ ၂၅ )တို့ကို ခေါ်ဆောင်လာသူပွဲစား၃ ဦးထံမှ သေနတ် ၃လက်နဲ့အတူဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသဖြင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများသည် ထားဝယ်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး၊ မော်လမြိုင်မြို့နယ်၊ နေပြည်တော်နှင့်ရန်ကုန်တိုင်းဒေသကြီးတို့မှလာကြောင်းသိရသည်။
အလုပ်သမားဟစ်တိုင် #News Score _Army PR Center