Sai Yok ခရိုင်အတွင်းကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၁) ဦးကို တနင်္လာနေ့မှာ ဖမ်းဆီးခဲ့ပြီးနောက် ခရိုင်အတွင်းမှာ တစ်ရက်အတွင်း ဖမ်းဆီးခံရသူ (၂၆၀) ဦးအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံ အလုပ်ရှာဖွေသူအုပ်စု (၄)မှာ အမျိုးသား (၃၆) ဦးနဲ့ အမျိုးသမီး (၃၅) ဦးတို့ကို ဖူဖရာ သို့မဟုတ် မူး ၄ ရွာအနီးမှာရှိတဲ့ tambon Si Mongkhon မှာ ညနေ ၅ နာရီခန့်က အာဏာပိုင်တွေ လှည့်ကင်းလှည့်နေချိန်မှာ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အဆိုပါ အလုပ်ရှာဖွေသူတွေဟာ တောလမ်းကနေတဆင့် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာကြတာဖြစ်ပါတယ်။
၎င်းတို့ဟာ မြန်မာနိုင်ငံရှိ ထားဝယ်၊ ပဲခူးနှင့် မော်လမြိုင်မြို့နယ်တွေကဖြစ်ပြီး ဘန်ကောက်၊ စမွတ်စခွန်၊ နခွန်ပထုံ၊ ဆာဘူရီ၊ ချွန်ဘူရီနှင့် ကန်ချနပူရီတို့တွင် အလုပ်အကိုင်ရရှိဖို့အတွက် ပွဲစားတွေကို ဘတ် ၁၇,၀၀၀ မှ ၂၀,၀၀၀ ကြား ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ၎င်းတို့ကိုလည်း အခြားသူတွေလိုပဲ တရားမဝင်ဝင်ရောက်မှုနဲ့ အရေးပေါ်အမိန့်ကို ဖောက်ဖျက်မှုတို့နဲ့ တရားစွဲဆိုပြီးနောက် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးသွားမယ်လို့သိရပါတယ်။
တနင်္လာနေ့အစောပိုင်းက Sai Yok ခရိုင်အတွင်းကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အလုပ်ရှာဖွေသူ ၃ဖွဲ့အနက် ပထမအဖွဲ့ ၁၄ ဦး၊ ဒုတိယအဖွဲ့ ၃၄ ဦးနဲ့ တတိယအဖွဲ့ ၁၄၁ ဦးတို့ပါဝင်တဲ့ အဖွဲ့သုံးဖွဲ့ကို ဖမ်းဆီးမိခဲ့ပါတယ်။ Sai Yok ခရိုင်အတွင်း တနင်္လာနေ့မှာဖမ်းဆီးရမိတဲ့ နယ်စပ်ဖြတ်ကျော်သူ စုစုပေါင်း ၂၆၀ ဦးရှိကြောင်း သိရသည်။ ဖမ်းဆီးခံရသူအချို့က ထိုင်းစကားတတ်ကြပါတယ်။ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ ကန်ချနပူရီနယ်စပ်အနီးမှာလည်း အလုပ်အကိုင်ရှာဖွေသူတွေ ပိုများလာတယ်လို့ ၎င်းတို့ကပြောပါတယ်။ အဆိုပါအလုပ်ရှာဖွေသူတွေဟာ တရားမဝင်ဝင်ရောက်မှုတွေကို တားဆီးဖို့လုံခြုံရေးတင်းကျပ်ထားပေမယ့်လည်း အလုပ်အတွက် စိတ်အားထက်သန်နေကြတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
#Migrant_Times #thailand #Myanmar #saiyok #IllegalMigration #migrantworkers
Source – BKK Post