Tuesday, October 26, 2021

ကန်ချနဘူရီခရိုင်တွင် တရက် မြန်မာအလုပ်သမား ၂၆၀ အဖမ်းခံရ

 

အောက်တိုဘာ ၂၅ ၊ ကန်ချနဘူရီ ၊ အလုပ်သမားဟစ်တိုင် 

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ  အောက်တိုဘာလ ၂၅ ရက်နေ့တွင်တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၆၀ ဦးထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသည့် အခြေနေများနှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်၏သတင်းထုတ်ပြန်ချက်များအရ ယနေ့နံနက် ၈နာရီအချိန့်တွင် မြန်မာအလုပ်သမား ၁၄ ဦး (ကျား ၁၀ ၊မ ၄ ) နှင့် ခေါ်ဆောင်သူ ထိုင်းနိုင်ငံသား ၂ ဦး ၊ နံနက် ၉နာရီအချိန်ခန့်တွင် မြန်မာအလုပ်သမား ၃၄ ဦး ( ကျား ၂၀ ၊ မ ၁၄)နှင့်မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ၂၁၂ဦး ( ကျား ၁၁၁ ၊ ၁၀၁ ) ဖြစ်ကြောင်းသိရသည်။






ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ အလုပ်သမားများသည် မြန်မာနိုင်ငံ ထားဝယ်ခရိုင်၊မော်လမြိုင်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော်တို့မှဖြစ်ကြပြီး ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်၊ ချွန်ဘူရီခရိုင်၊ ရတ်ချဘူရီခရိုင် အယုဒ္ဓယခရိုင်နှင့်စမွတ်ပရာကန်ခရိုင်တို့တွင်သွားရောက်အလုပ်လုပ်ကိုင်ရန် တဦးလျှင် ပွဲစားခအတွက် ဘတ်ငွေ၁၈၀၀၀ မှ ၂၃၀၀၀ အထိပေးရကြောင်း သတင်းထုတ်ပြန်များအရသိရသည်။