Tuesday, September 29, 2026

ကမ်ဖဲဖက်မှာ ရေဝင်လို့ ကြက်သောင်းချီ သေဆုံး၊ မွေးမြူရေးသမား ဘတ် ၁ သန်းကျော် ဆုံးရှုံး


ထိုင်းနိုင်ငံ ကမ်ဖဲဖက်ခရိုင်မှာ ကြက်မွေးမြူရေးခြံတခု ရုတ်တရက်ရေလွှမ်းခဲ့တာကြောင့ ကြက်သောင်းနဲ့ချီ ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေတက်နှုန်းမြန်လွန်းတဲ့အတွက် ကြက်တွေကို အချိန်မီမရွှေ့ပြောင်းနိုင်ခဲ့တာကြောင့် မွေးမြူရေးသမားအနေနဲ့ ဘတ် ၁ သန်းကျော်အထိ ဆုံးရှုံးခဲ့ရတယ်လို့  ခေါင်စွတ်သတင်းဌာနဖော်ပြပါတယ်။

သေဆုံးသွားတဲ့ ကြက်တွေထဲက ရောင်းချနိုင်သေးတဲ့ ကြက်တွေကိုတော့ ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ၅ကောင်ကို ဘတ် ၁၀၀ နှုန်းနဲ့ ဒေသခံတွေကို ရောင်းချခဲ့ရပါတယ်။

Source — khaosod

ဒီသတင်းကို မျှဝေပါ Facebook