Wednesday, September 30, 2026

အောက်တိုဘာ ၅ရက်မှ ၈ ရက် ထိုင်းနိုင်ငံမှာ မိုးတိုးလာနိုင်

ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၅ ရက်ကနေ ၈ ရက်အတွင်း မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်ပြီး နေရာတချို့မှာ မိုးသည်းထန်နိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက သတိပေးထားပါတယ်။ မိုးရွာသွန်းမှုဟာ အစပိုင်းမှာ နိုင်ငံအရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေက စတင်လာနိုင်ပြီး နောက်ပိုင်းမှာ အလယ်ပိုင်း၊ ဘန်ကောက်နဲ့ အနီးဝန်းကျင်၊ အရှေ့ပိုင်းဒေသတွေကိုပါ သက်ရောက်လာနိုင်ပါတယ်။


မိုးသည်းထန်တဲ့နေရာတွေမှာ ရုတ်တရက်ရေကြီးခြင်း၊ တောင်ကျရေစီးဆင်းခြင်းနဲ့ ရေနိမ့်ပိုင်းဒေသတွေ ရေဝင်နိုင်ခြင်းကို သတိထားဖို့လိုပါတယ်။အဲဒီနောက် အရှေ့မြောက်ပိုင်းဒေသမှာ အပူချိန်ကျဆင်းပြီး ရာသီဥတု အေးလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

လက်ရှိခန့်မှန်းချက်ဟာ ပြောင်းလဲနိုင်သေးတာကြောင့် ရေဘေးကြုံခဲ့ရတဲ့ ဒေသတွေ၊ မြစ်ချောင်းနဲ့ နိမ့်ပိုင်းအနီး နေထိုင်သူတွေက ထိုင်းမိုးလေဝသဌာနရဲ့ နောက်ဆုံးသတိပေးချက်တွေကို ဆက်လက်စောင့်ကြည့်ဖို့အကြံပြုထားပါတယ်။

ဒီသတင်းကို မျှဝေပါ Facebook