Monday, November 08, 2021

မြန်မာအလုပ်သမားများ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများ နေ့စဉ်ရှိနေ


ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်ခရိုင်တွင် ယမန်နေ့တရက်တည်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသည့် မြန်မာအလုပ်သမားပေါင်း ၂၃၅ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။






သတင်းထုတ်ပြန်ချက်၌ ယမန်နေ့ မွန်းလွဲ ၃နာရီခွဲတွင် ပကျွတ်ခီလီခမ်ခရိုင် မီ(င်)နယ်မြေ ကော့လန်ရပ်ကွက် ဘန်းမခမ်ရိုတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမား ၁၀၃ဦး ( ကျား ၅၈ ၊ မ ၄၅ ) တို့ကို ခရိုင်အုပ်ချုပ်ရေးအဖွဲ့အပါဝင်ဒေသဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


စစ်ဆေးချက်များအရ အလုပ်သမားများသည် မြန်မာနိုင်ငံ ထားဝယ်ခရိုင် ၊ ပုလောမြို့နယ်၊ပဲခူးတိုင်းဒေသကြီး ၊ မော်လမြိုင်မြို့နယ်နှင့်ရန်ကုန်တိုင်းဒေသကြီးတို့မှဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့၊ စမွတ်ဆာခွန်ခရိုင်၊ စမွတ်ပုရာကန်ခရိုင်၊ ချွန်ဘူရီခရိုင်နှင့် စုူရတ်ဌာနီခရိုင်များတွင် အလုပ်သွားရောက်လုပ်ကိုင်ရန် ပွဲစားခ တဦးလျှင် ဘတ်ငွေ ၁၈၀၀၀ ပေးရကြောင်းနှင့် ယင်းတို့အား ကိုဗစ်စစ်ဆေးခြင်းများဆက်လက်ဆောင် ရွက်ခဲ့ပြီးနောက် ဥပဒေအရအရေယူဆောင်ရွက်ရန် မီ(င်)ပကျွတ်ခီလီခမ်ရဲစခန်းသို့ ပို့ဆောင်းခဲ့ကြောင်းသိရသည်။