Monday, November 08, 2021

လူသေဆုံးမှုအထိဖြစ်လာတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများ


ယမန်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာလုပ်သမား ၁၀၃ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းဘုရင့်တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။




အဆိုပါသတင်းထုတ်ပြန်ချက်၌ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၇နာရီအချိန်ခန့်က စိုင်ယိုးနယ်မြေ စလီမုံခွန်ရပ်ကွက် ၊ဘန်းဟွေးကရထပ်ထွန်(င်)တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမား ၉၇ဦး (ကျား ၅၄ ၊ မ ၄၃ )တို့ကိုလည်းကောင် နံနက် ၁၁ နာရီအချိန်တွင် မီ(င်) နယ်မြေ ဘန်းကောင်ရပ်ကွက် ဘန်းဟွေးနံ(မ်(ခေါင်)တွင် မြန်မာအလုပ်သမား ၃၅ဦး (ကျား ၂၆ ၊ မ ၅ )
တို့ကိုလည်းကောင် အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။



ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံ ထားဝယ်ခရိုင်၊ပဲခူးတိုင်းဒေသကြီး၊ မော်လမြိုင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များမှဖြစ်ကြပြီး တဦးလျှင်ပွဲစား ၁၅၀၀၀ မှ ၂၈၀၀၀ ထိပေးရကြောင်းနှင့် ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် ၊ ပထုန်ဌာနီခရိုင်၊နခွန်ပထုန်ခရိုင်နှင့်လယောင်ခရိုင်တို့တွင် အလုပ်သွားရောက်လုပ်ကိုင်ကြမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်အရသိရသည်။


ထို့နောက် ဖမ်းဆီးရမိသည့် မြန်မာအလုပ်သမားများကို ကိုဗစ်စစ်ဆေးခြင်းများပြုလုပ်ပေးပြီးနောက် ဥပဒေအရဆက်လက်အရေးယူဆောင်ရွက်ရန် စိုင်ယိုးနယ်မြေရဲစခန်းနှင့်မီ(င်)ကန်ချနဘူရီ ရဲစခန်းများကို ပို့ဆောင်ခဲ့ ကြောင်းသိရသည်။


နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၈နာရီအချိန်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမား ၂၃ဦး လိုက်ပါခဲ့သည် မော်တော်ယာဉ်နှစ်စီအနက် တစီတိမ်းမှောက်သဖြင့်ြ မန်မာအလုပ်သမား ၃ဦး ( ကျား ၁ ၊ မ ၂ )သေဆုံးကာ ၄ ဦး (ကျား ၂ ၊ မ ၂ ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့အားလုံးကို ကံဖဲဖေ့(ချ်)ခရိုင်တွင် ကံဖဲဖေ့(ချ်)မြို့နယ် နာဘောင်ခမ်ကျေးရွာအုပ်စု (၁၂ )၌  ပွဲစားများက စွန့်ပစ်ခဲ့ခြင်းဖြစ်စဉ်တခုဖြစ်ပေါ်ခဲ့သည်။