Saturday, November 06, 2021

မိအေးအခါခါနာသလို နာနေရတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော် မြန်မာအလုပ်သမားများအဖြစ်


မြန်မာနဲ့ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူမျာအနေဖြင့် တရားဝင်နယ်စပ်ဖြတ်ကျော်အလုပ်လုပ်ကိုင်ခွင့်များပြန်လည်းစတင်ရန် နှောင့်နှေးကြန့်ကြာနေမှုများကြောင့် မြန်မာအလုပ်သမားများသည် မိသားစုစားဝတ်နေရေးအတွက် တရားမဝင်လမ်းကြောင်းများမှတဆင့် အရဲစွန့်သွားလာရာမှ ကန်ချနဘူရီခရိုင် မီ(င်)နယ်မြေတွင် မြန်မာအလုပ်သမား ၂၉ ဦး ထပ်မံအဖမ်းခံရကြောင်း ထိုင်းဘုရင့်တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။


အဆိုပါသတင်းထုတ်ပြန်ချက်တွင် နိုဝင်ဘာလ ၄ ရက်နေ့  ည ၉နာရီအချိန့်တွင် ကန်ချနဘူရီခရိုင် မီ(င်)နယ်မြေ၊ ဘန်းကောင်ရပ်ကွက် ဘန်းပရတူဒဲန်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၉ ဦး (ကျား ၁၂ ၊ မ ၇ ) နဲ့အတူ ယာဉ်မောင်း ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့သလို နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ဘန်းကောင်ရပ်ကွက် ဘန်းဟွေဒနံမ်ခေါင်တွင် ခေါ်ဆောင်လာသူ ၂ဦးနဲ့အတူမြန်မာအလုပ်သမား ၁၀ ဦး( ကျား ၆ ၊ မ ၄ )တို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။



ဖမ်းဆီးခြင်းခံရသည့် မြန်မာအလုပ်သမားများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် မြန်မာနိုင်ငံထားဝယ်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မော်လမြိုင်မြို့နယ်များဖြစ်ကာ  တဦးလျှင် ဘတ်ငွေ ၁၈၀၀၀ မှ ၂၀၀၀၀ အထိ ပွဲစားခပေးရပြီး စမွတ်ပုရာကန်ခရိုင်နဲ့လှချဘူရီခရိုင်တို့တွင် အလုပ်သွားလုပ်ကြမည်ဖြစ်ကြောင်းနှင့်အလုပ်သမား များကို ကိုဗစ်စစ်ဆေးခြင်းများဆက်လက်ပြုလုပ်ပြီးနောက် ဥပဒေအတိုင်းအရေးယူဆောင်ရွက်ရန် မြို့နယ်ရဲစခန်းကို ပို့ဆောင်ခဲ့ကြောင်းသိရသည်။