Friday, November 05, 2021

ကြိုးတန်းပေါ်လမ်းလျှောက်နေရသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား များဘဝ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမွတ်ဆာခွန်ခရိုင် နခွန်ပထုံခရိုင်နှင့် စမွတ်ပရာကန်ခရိုင် များတွင် အလုပ်သွားရောက်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမား ၁၁၂ဦးတို့ကိုနိုဝင်ဘာလ ၄ ရက်နေ့တွင် ကန်ချနဘူရီခရိုင်တွင် အဖမ်းခံခဲ့ရကြောင်းထိုင်းဘုရင့်တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် နိုဝင်ဘာလ ၄ရက်နေ့ နံနက် ၀၀.၂၀မိနစ်အချိန်ခန့်တွင် ထွန်ဖာ့ဖူနယ်မြေ ထားခနူရပ်ကွက်တွင် မြန်မာအလုပ်သမား ၂၃ဦး ( ကျား ၁၃ ၊မ ၁၀ )တို့ကိုယာဉ်မောင်း၁ ဦးနှင့လည်းကောင်၊ နံနက် ၅နာရီခန့်တွင် စံခဘူရီမြို့နယ်နွန့်လူးရပ်ကွက် တောလမ်းတနေရာတွင် ၂၀ဦး (ကျား ၁၅ ၊ မ ၅ )နဲ့အတူ ခေါ်ဆောင်လာသူ ၅ဦးတို့ကိုလည်းကောင်၊ ထပ်မံပြီး နေ့လယ် ၁၁ နာရီအချိန်ခန့်တွင် မီ(င်)နယ်မြေဘန်ကောက်ရပ်ကွက် ဟွေးနံ(မ်)ခေါင်တွင် မြန်မာအလုပ်သမား ၆၉ဦး (ကျား ၃၈ ၊ မ ၃၁ ) တို့ကို အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


အဖမ်းခံရသည့် အလုပ်သမားများ၏ ထွက်ဆိုချက်အရ ပွဲစားခတဦးလျှင် ဘတ်ငွေ ၁၈၀၀၀မှ ၂၀၀၀၀ ထိပေးပြီးလာခဲ့ရကြောင်းနှင့် အလုပ်သမားများကို ကိုဗစ်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီးနောက် ဥပဒေအရက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် နယ်မြေခံရဲစခန်းများကို ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။