Tuesday, November 02, 2021

“ထိုင်းနိုင်ငံမှာ တရားမဝင်ရွှေ့ပြောင်းသွားလာနေထိုင်မှုတွေပပျောက်ဖို့ အာဏာပိုင်တွေကြိုးပမ်းနေ”

 


၂၀၂၁၊ နိုဝင်ဘာလ ၂ ရက်နေ့ 

နိုဝင်ဘာလ ၁ ရက်နေ့၊ တနင်္လာနေ့မှာ နိုင်ငံကိုပြန်လည်မဖွင့်လှစ်မီ နိုင်ငံအတွင်း တရားမဝင်‌ရွှေ့ပြောင်းသွားလာနေထိုင်သူ အရေအတွက်များလာတာကြောင့် ယခုနှစ်အစပိုင်းမှစတင်ပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ (၃၀,၀၀၀) ကျော်ကို မိမိနေထိုင်ရာနိုင်ငံနှင့် ပြည်နယ်တွေကို ပြန်လည်စေလွှတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။


မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအပါအဝင်၊ အခြားတရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတို့ကို ကာကွယ်ဖို့အတွက် နယ်စပ်တလျှောက်လုံခြုံရေးအာဏာပိုင်တွေက ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး “Kongcheep Tantravanich” က ပြောပါတယ်။ အဆိုပါ လှုပ်ရှားမှုတွေကို နှိမ်နှင်းဖို့အတွက် ထိုင်းအာဏာပိုင်တပ်ဖွဲ့တွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ၎င်းက ဆိုပါတယ်။ COVID-19 စစ်ဆေးမှုမခံယူရသေးတဲ့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း ငှားရမ်းခြင်းမပြုဖို့ အလုပ်ရှင်တွေကို ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားကြောင်း ဆိုပါတယ်။


ယခင်လများအတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေဟာ အလုပ်သမားတွေကို အလုပ်သမားပွဲစားတွေမှတဆင့် ငှားရမ်းခိုင်းစေခဲ့ပြီး အချို့အလုပ်သမားတွေကတော့ တစ်ဖက်နိုင်ငံမှ တရားမဝင်ခေါ်ယူပြီး ငှားရမ်းခိုင်းစေခံရမှုတွေ ရှိခဲ့ပါတယ်။ ပြည်နယ် တာဝန်ရှိသူတွေဟာလည်း အဆိုပါ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ထောက်လှမ်းရေး အာဏာပိုင်တွေက လူကုန်ကူးမှုသတင်းကွင်းဆက်တွေနဲ့ ချိတ်ဆက်မှုရရှိဖို့အတွက် ၎င်းတို့ကို ခြေရာခံနေတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံထားရတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ (၃၀,၃၄၃) ဦးအနက် အများစုမှာ ထိုင်း-မြန်မာနှင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်များတစ်လျှောက်၊ အထူးသဖြင့် ချင်းမိုင်၊ တက်ခ်၊ ကန်ချနပူရီနှင့် ချန်သဘူရီတို့မှာ ဖမ်းမိခဲ့တာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။

တာ့ခ်ခရိုင်မှာလည်း ယမန်နေ့၊ တနင်္လာနေ့က မဲဆောက်ခရိုင်အထူးစစ်ဆင်ရေးတပ်ဖွဲ့နှင့် အာဏာပိုင်တပ်ဖွဲ့တွေက မဲဆောက်မြို့နယ်၊ သစိုင်းလူလတ် အပန်းဖြေစခန်းကို ဝင်ရောက်စီးနင်းပြီး တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

၎င်းနောက် ထိုင်းနိုင်ငံ “Prachuap Khiri Khan” ခရိုင်နဲ့ “Muang” ခရိုင်အနီးရှိ တောလမ်းတစ်လျှောက်မှာလည်း အာဏာပိုင်တွေက တရားမဝင် မြန်မာလုပ်သား ၄၅ ဦးနှင့်အတူ လူမှောင်ခိုကူးသူ ၅ ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် အဆိုပါ ရွှေ့ပြောင်းအလုပ်သမားတွေကို ဒေသဆိုင်ရာနယ်ခြားစောင့်ရဲဌာနသို့ Covid-19 စစ်ဆေးဖို့အတွက် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#Migrant_Times #thailand #Myanmar #IllegalMigration #migrantworkers #immigration

Source – BKK Post