နိုဝင်ဘာ ၁. ၂၀၂၁ ၊ ဘန်ကောက် ၊ အလုပ်သမားဟစ်တိုင်
ခင်ပွန်းက ထားသွားသည့် အပြင် နာမကျန်းသည့် သား ငယ်ကို ဆေးရုံးက ပြန်ခေါ်နိုင်ရေး အတွက် အခက်အခဲတွေ့နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသူ ဒေါ်စီစီချိုကိုအလုပ်သမား သံအရာရှိရုံး၏ ထောက်ပံ့ဖေးမမှု၊ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် ယခု အခါ အဆင်ပြေသွားပြီ ဖြစ်ကြောင်း သိရသည်။
ဒေါ်စီစီချို က အလုပ်သမား သံအရာရှိရုံးကို အကူအညီတောင်းလာခဲ့သည့် သတင်း -
ထိုသို့ကူအညီတောင်းလာပြီးနောက် အကူအညီများကို သံအရာရှိရုံးက ပေးခဲ့ကာ နိုဝင်ဘာ ၁ ရက် မွန်းတည့် ၁၂ နာရီတွင် အလုပ်သမားသံအရာရှိရုံးနှင့် TCTF အဖွဲ့ တို့က ဒေါ်စီစီချို ၏ ရင်သွေးငယ်တက်ရောက်နေသော ဝက်လက်ခင်ဆေးရုံ သို့ သွားရောက်တွေ့ဆုံခဲ့ကာ ၎င်းဆေးရုံတွင် ဆေးကုသစရိတ် ၇,၈၄၆ ဘတ်အား ရှင်းပြီးနောက် ရင်သွေးငယ်၏ အကြား အာရုံအား စစ်ဆေးကာ ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။ဆေးရုံဆင်းခွင့်ရရှိသော ရင်သွေးငယ်နှင့် ဒေါ်စီစီချို၊ ၃ နှစ်အရွယ် သမီးငယ်တို့အား ၎င်းတို့နေထိုင်ရာ အလုပ်ရုံဝန်းသို့ ပို့ဆောင်၍ ၁၀,၁၅၄ ဘတ်အား ထပ်မံပေးအပ်ခဲ့ပြီး ကလေးငယ် ခွန်အားရှိစေရန်အတွက် မိခင်က ခွန်အားရှိအောင် စားသောက်မှသာ ကလေးအတွက် အာဟာရပြည့်ဝသော နို့ရည်ရရှိမည် ဖြစ်၍ ကောင်းစွာစားသောက်ရန်နှင့် အခက်အခဲများ ရှိပါကလည်း ထပ်မံဆက်သွယ်ရန် အလုပ်သမား သံအရာရှိရုံးမှ တာဝန်ရှိသူများက မှာကြားခဲ့ကြောင်း သိရသည်။
ဆေးရုံက ဆင်းပြီဖြစ်သည့် ရင်သွေးငယ်အတွက် တဒင်္ဂစိတ်အေးရပြီ ဖြစ်သော်လည်း အခက်အခဲများကို ရင်ဆိုင်ရန်မလိုတော့ပြီဖြစ်၍ ရင်သွေးငယ်၏ ဖခင်အနေဖြင့် မိသားစုနှင့် ပြန်လည်ဆက်သွယ်စေလိုပါကြောင်း အလုပ်သမားသံအရာရှိရုံးက မေတ္တာရပ်ခံထားသည်။
ဒေါ်စီစီချိုနှင့် ရင်သွေးငယ်အား လိုက်လံပို့ဆောင်ပြီးနောက် ဆေးကုသစရိတ်ပေးရန် ကျန်နေသော နကော့ပထုံဆေးရုံသို့ ထပ်မံသွားရောက်ခဲ့ပြီး တစ်လ ၂၀၀၀ ဘတ်ပေးရန်ရှိသော စာချုပ်အား တောင်းခံခဲ့ရာ မူလပေးရန် ၅၆,၅၈၂ ဘတ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁၀,၀၀၀ ဘတ် ပေးချေခဲ့၍ ကျန်ငွေ ၄၆,၅၈၂ ဘတ်အတွက် အလုပ်သမားသံအရာရှိနှင့် TCTF ဉီးမင်းထွန်း၊ Chai Charone Partnership Limited ပူးပေါင်းအဖွဲ့တို့က ၂၅,၀၀၀ ဘတ် ပေးဆပ်ခဲ့ရာ ၂၁,၅၈၂ ဘတ် ဆက်လက်ပေးဆောင်ရန် ကျန်ရှိနေသော်လည်း ကျန်ငွေကို အလုပ်သမားသံအရာရှိရုံးမှ ဆက်လက်ပေးဆပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်စီစီချိုမိသားစုအတွက် သုံးငွေမှာ အောက်တိုဘာလ ၂၇ ရက်တွင် ၁၁,၀၀၀ ဘတ်၊ နိုဝင်ဘာလ ၁ ရက်တွင် ၄၃,၀၀၀ ဘတ်၊ စုစုပေါင်း ၅၄,၀၀၀ ဘတျဖွဈဲကွောငျး သံအရာရှိရုံးက သိရသည်။
အလုပ်သမားသံအရာရှိရုံးအနေဖြင့် ယခုအလုပ်သမားအရေးတွင် တက်ကြွစွာ ပူးပေါင်း ပါဝင်ကူညီခဲ့သော အောက်ပါ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအား အထူးကျေးဇူးတင်ရှိကြောင်း လည်း ထုတ်ပြန်ထားသည်။
မကေသီက ဘတ် ၁,၀၀၀၊ချွန်ဘူရီ ကိုနိုင်လင်း က ဘတ် ၂,၀၀၀၊ သံအရာရှိ ဉီးလင်းမြတ်က ဘတ် ၁၀၀၀၊စကားပြန် ဉီးစိုင်းဆောင်ဝုန်း က ဘတ် ၁,၀၀၀ စုစုပေါင်း- ၃၈,၀၀၀ ဘတ် ဖြစ်ကာ ၁၆,၀၀၀ ဘတ်အား
သံအရာရှိရုံးက ကျခံခဲ့ကြောင်းလည်း သိရသည်။
မိုးနတ် (အလုပ်သမား ဟစ်တိုင်)