စီးပွားရေးပြန်ပြီးတော့ နာလန်ထူနေတဲ့နေရာတွေကို ကျွန်မတို့ ဦးစားပေးပြီးတော့ ကာကွယ်ဆေးတွေ ထိုးသင့်ရင်လည်း ထိုးပေးရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ စီးပွားရေးယန္တရားကြီး ပြန်ပြီးတော့ လည်ပတ်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ဒီအချိန်မှာ စီးပွားရေးယန္တရား ပြန်ပြီးတော့ လည်ပတ်နိုင်တဲ့ အခြေအနေရှိတဲ့ဒေသတွေ၊ ပြောချင်တာကတော့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးတော့ ထိန်းချုပ် ထားနိုင်တဲ့ ဒေသတွေမှာဆိုရင် ပိုပြီးတော့ စောစောစီးစီး ကာကွယ်ဆေးထိုးပေးနိုင်မယ့် အခြေအနေမျိုးလည်း ဖြစ်ပေါ်နိုင်ပါတယ်။
ဒါကတော့ ကျွန်မတို့ကတော့ အားလုံးအတွက် မျှတအောင်လုပ်မယ်၊ အားလုံးကနေလည်း ကာကွယ်ဆေးတော့ရမှာပဲ၊ ဒါပေမယ့် ဘယ်တော့၊ ဘယ်သူတွေကို ဦးစားပေးရမလဲဆိုတာတော့ နိုင်ငံရဲ့ လိုအပ်ချက်အရ၊ နောက်ပြီးတော့ ကျွန်မတို့ရဲ့ လုပ်ဆောင်နိုင်တဲ့ အင်အားအရပေါ့။ အဲဒါကိုကျွန်မတို့ ဆုံးဖြတ်ရ မှာပါ။
(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၁၁-၁၂-၂၀၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)